DVB Logo
Home
မြန်မာသတင်း
တွန်းဇံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးအား ဖမ်းဝရမ်းထုတ်၊ ကန်ပက်လက် ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ကြေညာ
DVB
·
July 6, 2023
တွန်းဇံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးအား ဖမ်းဝရမ်းထုတ်၊ ကန်ပက်လက် ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ကြေညာ
1 / 2
Donate to DVB

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ပညာရေးမှူးအား CDF တွန်းဇံက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှုးနှင့် ပညာရေးမှူးတို့ဟာ စစ်ကောင်စီ လက်အောက်ခံကျောင်းတွေ မဖွင့်လှစ်ဖို့၊ ရုံးမတက်ဖို့ NUG အစိုးရရဲ့တောင်းဆိုချက်တွေကို မလိုက်နာခဲ့တဲ့အပြင် CDF တွန်းဇံနဲ့ နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုခဲ့တာတို့ကြောင့် ဖမ်းဝရမ်းထုတ်ရတာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ ယခင်က တွန်းဇံမြို့နယ်နဲ့ ချင်းလူမျိုးတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြုလုပ်တဲ့အတွက် အရေးမယူခဲ့ပေမဲ့ အခုအခါ နွေဦးတော်လှန်ရေးကို ပျက်ပြားစေတယ့် ပြောဆိုမှုတွေအတွက် ဖမ်းဝရမ်းထုတ်ခဲ့တာလို့ CDF တွန်းဇံက ထုတ်ပြန်ထားပါတယ်။

“ဖမ်းဆီးလို့မရရင် တိုက်ခိုက်သိမ်းပိုက်သည်အထိလုပ်သွားပါမယ်။ ဒီနှစ်ဦးအပြင် ကျန်တဲ့ None CDM ဆရာ/ဆရာမတွေလည်း မရပ်တန့်ရင် အကုန်လုံးကို အရေးယူသွားမယ်” လို့ CDF တွန်းဇံ တာဝန်ရှိသူ ထန်ဆွင်းမုန်က DVB ကို ပြောပါတယ်။

CDF တွန်းဇံအနေနဲ့ မိမိတို့ နယ်မြေစိုးမိုးရာ တွန်းဇံမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းအားလုံးကို အရေးယူသွားမယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပညာရေးဌာနမှ ဝန်ထမ်း ၃၀၀ ကျော်ဟာ  စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အမည်ပျက် ဝန်ထမ်းတွေအဖြစ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ CDM/Non CDM စုံစမ်း စစ်ဆေး‌ရေးကော်မတီက ဇူလိုင် ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"Non CDM Blacklist ကြေညာရတဲ့ အကြောင်းအရင်းက ကန်ပက်လက်မြို့နယ်မှာ ရှိတဲ့ ဝန်ထမ်း အများစုဟာလေ CDM  ဝင်ပါတယ် ပြောပြီးမှ လစာ ခိုးထုတ်နေတာတွေ အများကြီးရှိတယ်။ ပြီးတော့ CDM စာရင်းဇယားကလည်း မတိကျနိုင်ဘူး။ တိကျနိုင်ဖို့ အဲရည်ရွယ်ချက်နဲ့ အခု Blacklist ကြေညာရခြင်း ဖြစ်ပါတယ်။ ပညာရေးအပြင် အခြား ဌာနဆိုင်ရာတွေ နောက်ထပ် Blacklist ကြေညာဖို့ ရှိပါတယ်" လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ကန်ပက်လက်မြို့နယ်၊ ဌာနဆိုင်ရာ အသီးသီးမှ Non CDM တွေကို အမည်ပျက် စာရင်းမှာ ဆက်လက်ထည့်သွင်း ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း၊ Non CDM စာရင်းမှာ ပါဝင်တဲ့ CDM ဝန်ထမ်းများရှိပါက ခိုင်လုံသော အထောက်အထားနဲ့ CDM / Non CDM  စုံစမ်း စစ်ဆေးရေး ကော်မတီဆီကို အယူခံဝင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"ကျနော်တို့ ကန်ပက်လက်မြို့နယ်မှာ ကျောင်းပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေး အထက ကျောင်း တကျောင်းကိုပဲ စကစက ဖွင့်နိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့ ပအဖနဲ့ PDF ကန်ပက်လက်က ဦးစီးပြီးတော့မှ ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။ သူတို့က စကစနဲ့ ဆက်သွယ်ပြီး ကျောင်းတွေ၊ ကျူရှင်တွေ၊ ဝိုင်းတွေ ဖွင့်နေတာကို မဖွင့်ဖို့၊ စကစနဲ့ မဆက်သွယ်ဖို့ တားမြစ်ချက်တွေ၊ ကြေညာချက်တွေ လုပ်လျက်သားနဲ့ ဒီလိုလုပ်လာကြတဲ့အတွက် Blacklist ကြေညာရခြင်း ဖြစ်ပါတယ်" လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

အခု ထုတ်ပြန်ချက်ကို မလိုက်နာတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက Non CDM ဝန်ထမ်းတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013