DVB Logo
Home
အားကစား
ဘရာဇီးလက်ရွေးစင်အသင်းကို နည်းပြအန်စလော့တီ တာဝန်ယူကိုင်တွယ်မည်
DVB
·
July 6, 2023
ဘရာဇီးလက်ရွေးစင်အသင်းကို နည်းပြအန်စလော့တီ တာဝန်ယူကိုင်တွယ်မည်
Donate to DVB

နည်းပြအန်စလော့တီဟာ ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

အီတလီနည်းပြ အန်စလော့တီဟာ လက်ရှိအချိန်မှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ တရာသီ ဆက်လက်ကိုင်တွယ်မှာဖြစ်ပြီး လာမယ့်  ၂၀၂၄ ခုနှစ် နွေရာသီမှာ ဘရာဇီးအသင်းကို ပြောင်းလဲတာဝန်ယူသွားမှာပါ။

ဒီသတင်းကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်နယ်ဒိုရိုဒရီဂွက်ဇ်က အတည်ပြုခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်နောက်ပိုင်း ဘရာဇီးလက်ရွေးစင်အသင်းကို နိုင်ငံခြားသားနည်းပြက ပထမဆုံးအကြိမ် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းကို လက်ရှိအချိန်မှာတော့  လူငယ်နည်းပြ ရာမွန်မန်နက်ဇက်က တာဝန်ယူနေတာပါ။

အသက် ၆၄ နှစ်ရှိ အီတလီနည်းပြ အန်စလော့တီဟာ ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်ဆီ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဥရောပချန်ပီယံလိဂ်ဆုဖလားအပြင် စပိန်လာလီဂါ၊ ကိုပါဒယ်ရေးဖလားနဲ့ ဖီဖာကမ္ဘာကလပ်ချန်ပီယံ ဆုဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013