![](https://burmese.dvb.no//wp-content/uploads/2023/07/HVVXUZCTKFJLBODPFCVSQI6AIY.jpg)
![](/wp-content/uploads/2023/07/DVB-News-730x365-1-680x340.jpg)
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသက မြေအောက်လက်နက်ထုတ်လုပ်တဲ့ စက်ရုံတခုကို ဇူလိုင် ၅ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြောင်မှာရှိတဲ့ ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်နဲေ တိုက်ခိုက်တာကို ပြသထားတဲ့ အဖြူအမည်း ဗွီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
“ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ် အကြမ်းဖက်အဖွဲ့ရဲ့ ပြင်းထန်မှုနဲ့ လက်နက်တပ်ဆင်ရေး ကြိုးပမ်းမှုတွေကို သိသိသာသာ အဟန့်အတား ဖြစ်စေခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်းတွေရဲ့ ဂျန်နင်းန်မြို့ကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၄ ရက် နှောင်းပိုင်းမှာ ပြန်ဆုတ်ခွာသွားပြီလို့ မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နောက်ပိုင်းမှာ ပါလက်စတိုင်းသားတွေက ဂါဇာကမ်းမြောင်ကနေ အစ္စရေးဘက်ဆီ ဒုံးကျည်တွေကို ညတွင်းချင်း ပစ်လွှတ်ခဲ့ပြီး ဂါဇာကမ်းမြောင်အပေါ် အကန့်အသတ်နဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ မတွေ့ရမီ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။
ပါလက်စတိုင်းနယ်မြေတွေအတွင်း ရက်အတော်ကြာ တင်းမာခဲ့ပြီးတဲ့နောက် ဂါဇာကမ်းမြောင်ရဲ့ ကောင်းကင်ယံမှာ ဇူလိုင် ၅ ရက်က အကြီးအကျယ် ပေါက်ကွဲခဲ့တာကို မြင်ရပါတယ်။
သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စစ်ရေးစစ်ဆင်ရေးတရပ်ကို ဆင်နွှဲပြီးတဲ့နောက် အစ္စရေးတပ်ဖွဲ့ဝင်တွေက အနောက်ဘက်ကမ်းမှာရှိတဲ့ ဂျန်နင်းန်မြို့ကနေ ဇူလိုင် ၄ ရက် နှောင်းပိုင်းမှာ ဆုတ်ခွာသွား ပြီးတဲ့နောက် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ဇူလိုင် ၃ ရက် အစောပိုင်းက စတင်ခဲ့တဲ့ အစ္စရေးစစ်ဆင်ရေးကို အဆုံးသတ်ကြောင်း အချက်ပြတဲ့အနေနဲ့ အစ္စရေး စစ်ယာဉ်တန်းတွေ အမှောင်ထဲမှာ ထွက်ခွာသွားတဲ့အကြောင်းကို မျက်မြင်သက်သေနှစ်ဦးက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဂျန်နင်းန်မြို့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၁၂ ယောက်၊ တိုက်ခိုက်ရေးသမား ၅ ယောက်ထက်မနည်းနဲ့ အစ္စရေးစစ်သား ၁ ယောက် သေဆုံးခဲ့ပါတယ်။
Source - Reuters