DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေ၊ KNDF ရဲဘော် ၃ ဦး ကျဆုံး
DVB
·
July 5, 2023
ကရင်နီပြည်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေ၊ KNDF ရဲဘော် ၃ ဦး ကျဆုံး
Donate to DVB

ပြီးခဲ့တဲ့ ဇွန် ၁ လတာအတွင်း ကရင်နီ (ကယား) ပြည်နယ် ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးပြီး KNDF/B-03 က ရဲဘော် မောင်ဒိုနဲ့ ရဲဘော်ရှိုင်းဝဏ္ဏအောင်၊ KNDF/CDM ဌာနက ရဲဘော်သားသားတို့ ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါ တယ်။

လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတောတို့မှာတော့ တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ပြီး မယ်စဲ့၊ ဖားဆောင်းနဲ့ ရွာသစ်မြို့နယ်တွေမှာတော့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံတို့မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူတွေနဲ့ လက်နက်ကြီးပစ်ကူ တွေ အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇွန် ၅ ရက်က စတင်ကာ မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ မြို့တွင်းနေရာအနှံ့တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNDF နဲ့အတူ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တလတာအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ်ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ ဖယ်ခုံမြို့နယ်အတွင်းက နေရာတချို့မှာလည်း ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့သလို မိုးဗြဲမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဉ်တွေနဲ့ အ ကြိမ်ပေါင်းများစွာ ဗုံးကျဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦတွေ ထိခိုက်ပျက်ဆီး မှုတွေ ရှိခဲ့ပြီး စာရင်းအတိအကျကိုတော့ ပြုစုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ ကနဦးစုစည်းထားတဲ့ အချက်အလက်တွေအရ အရပ်သားပြည်သူ ၂၃ ယောက်ကို အကြောင်း မဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသားအယောက် ၂၀၊ အမျိုးသမီး ၃ ယောက်နဲ့ အသက် ၁၀ နှစ် ဝန်းကျင် ကလေးငယ်တယောက်လည်း ပါဝင်ပြီး ပျောက်ဆုံးနေသူတွေနဲ့ ရုပ်အလောင်းတွေ မရရှိသေးတဲ့ အရပ်သားပြည်သူတွေလည်း ရှိနေသေးကာ မိုးဗြဲမြို့နေရာအနှံ့မှာတော့ စစ်ကောင်စီက တပ်စွဲထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KA၊ KNDF၊ မိတ်ဖက်ပူးပေါင်းတပ်တွေအကြား လွိုင်ကော်မြို့နယ်မှာ တိုက်ပွဲ ၇ ကြိမ်၊ ရှားတောမြို့နယ်မှာ ၁ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၄ ကြိမ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၅ ကြိမ်လောက်အထိ ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဇွန် ၁၃ ရက်က စပြီးတော့ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ်အတွင်း ထိုင်း-မြန်မာ နယ်စပ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ BP-13စခန်း၊ BP-14စခန်း၊ BP-15 က မယ်တနွယ် တပ်စခန်း၊ BP-16 က တောင်လှတပ်စခန်းတွေနဲ့ မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့ကို KNDF နဲ့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ကြီး/ငယ် များစွာနဲ့ ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကစပြီးတော့ စစ်ကောင်စီတပ်တွေဟာ ဘောလခဲမြို့ကနေ စစ်ကြောင်း ၂ ကြောင်းခွဲကာ ရွာသစ်မြို့ဆီ ဦးတည်ကာ အပြင်းအထန် စစ်ကြောင်းထိုး ဝင်ရောက် ခဲ့တာကြောင့် ရွာသစ်-ဘောလခဲ လမ်းတလျှောက် စစ်ကောင်စီတပ်တွေနဲ့ KA ၊ ကလလတ ၊ ဘောလခဲPDF ၊ KNDF တို့ကြား ၄ ရက်ကျော်ကြာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ရွာသစ်မြို့အတွင်း ဝင်ရောက်ကာ တပ်စွဲထားခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁ လတာအတွင်း ကရင်နီပြည်နယ်အတွင်းနဲ့ မိုးဗြဲမြို့တို့မှာ အရပ်သားပြည်သူ ၃၃ ယောက် ထိခိုက်သေဆုံးခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် မိုးဗြဲမြို့မှာ ၃ ယောက်၊ ဘောလခဲမြို့နယ်မှာ ၁ ယောက်၊ လွိုင်ကော်မြို့နယ်မှာ ၁ ယောက် သေဆုံးခဲ့ရတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်မှာ ၁ ယောက်နဲ့ ဖားဆောင်းမြို့နယ်မှာ ၄ ယောက် သေဆုံးခဲ့ရသလို မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ချိန် သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေ့ရှိချက်စာရင်းတွေအရ အမျိုးသားအယောက် ၂၀၊ အမျိုးသမီး ၃ ယောက်နဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၁ ယောက်တို့ ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေ ကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013