DVB Logo
Home
မြန်မာသတင်း
Federal Wings ​ဒရုန်းတပ်ဖွဲ့က ၆ လအတွင်း စစ်ဆင်မှုပေါင်း ၂၈၀ ကျော်ပြုလုပ်
DVB
·
July 4, 2023
Federal Wings ​ဒရုန်းတပ်ဖွဲ့က ၆ လအတွင်း စစ်ဆင်မှုပေါင်း ၂၈၀ ကျော်ပြုလုပ်
1 / 2
Donate to DVB

စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ပထမ ၆ လတာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၂၈၁ ကြိမ် တိုက်ပွဲဝင်ခဲ့ပြီးတော့ ဗုံးသီးအမျိုးအစားစုံ ၆၈၀ လောက် အ သုံးပြုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက် ထိခိုက်သေဆုံးခဲ့ပြီး Federal Wings တပ်ဖွဲ့ဘက်ကတော့ တပ်ဖွဲ့ဝင် တယောက် ကျဆုံးခဲ့ပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၆ လတာကာလအတွင်းမှာတော့ Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ တရားဝင်ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ပင်မအခြေပြုဒေသတွေဖြစ်တဲ့ ကရင်ဒေသမှာသာမက စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ဆင်ရေးတွေ စတင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Federal Wings နဲ့ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဒရုန်းတပ်ဆင်ရေးနဲ့ ဒရုန်းအင်အားဖြည့်တင်းရေး လိုအပ်ချက်တွေကို လူထု အင်အားနဲ့ ကူညီဖြည့်ဆည်းသွားနိုင်ဖို့လည်း စီစဉ်နေပြီး အခုရက်ပိုင်းအတွင်း Cobra ၊ KNDF/B-15 ၊ ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ့စတဲ့ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ၃ ခုနဲ့ ပူး ပေါင်းပြီးတော့ ရန်ပုံငွေကမ်ပိန်းတွေ ပြုလုပ်သွားမှာမို့ ပါဝင်အားဖြည့်ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်းမှာတော့ Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး စစ်မြေပြင်သတင်းတွေအရ အဆိုပါတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Federal Wings ​ရဲ့ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း အမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကိုလည်း အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ နယ်မြေတွေအတွင်းရှိ ထိတွေ့တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲကြီးတွေမှာလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထင်ရှားတဲ့ တိုက်ပွဲတွေဖြစ်တဲ့ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲတွေမှာလည်း Federal Wings ဒရုန်းတပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ အင်အားဖြည့် ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013