

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အဖွဲ့ထဲကို ပြန်လည်ဝင်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုမှ တင်သွင်းတဲ့ အဆိုပြုချက်ကို ယူနက်စကိုအဖွဲ့ဝင် ၁၉၃ နိုင်ငံဟာ ဇွန် ၃၀ ရက်က ပါရီမှာလုပ်တဲ့ အထွေထွေညီလာခံရဲ့ အထူးအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။
ယူနက်စကို (UNESCO) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၂ ရက်ကြာ ဆွေးနွေးပြီးနောက်မှာ အဖွဲ့ဝင် ၁၃၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး အမေရိကန်က သူ ၂ ကြိမ် နုတ်ထွက်ထားတဲ့ အဖွဲ့အစည်းကိုတခါပြန်ဝင်လာတာဟာ အဖွဲ့အစည်းရဲ့ လုပ်ငန်းအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတယ် ဆိုပြီး ကန့်ကွက်တဲ့ ဆန္ဒမဲက ၁၀ ခု ရှိခဲ့တာပါ။
ယူနက်စကိုရဲ့ သတင်းထုတ်ပြန်ချက်အရ အမေရိကန်ဟာ အဖွဲ့အစည်းရဲ့ ပုံမှန်ဘတ်ဂျက်မှာ ၂၂ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ရန်ပုံငွေကို ထောက်ပံ့တာဖြစ်ပါတယ်။
ကြွေးကျန်တွေကို တိုးမြှင့်ပေးဆောင်တာအပြင် အမေရိကန်ဟာ အာဖရိကမှာ ပညာသင်ကြားခွင့် ရရှိရေးနဲ့ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရခြင်း အမှတ်တရအဖြစ် ရန်ပုံငွေပံ့ပိုးပေးတဲ့ အစီအစဉ်တွေမှာ စေတနာအလျောက် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ယူနက်စကိုက ပြောကြား ခဲ့ပါတယ်။
မဲခွဲမှုအပြီးမှာ ယူနက်စကိုဆိုင်ရာ တရုတ်နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် ယန်ကျင်းက ထိပ်တိုက် ရင်ဆိုင်မှုတွေနဲ့ သဘောထားကွဲလွဲခြင်းထက် အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရာမှာ အမေရိကန်အနေနဲ့ ပါဝင်ကူညီသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူနက်စကို ကို ပြန်ဝင်လာပြီးရင် အမေရိကန်အနေနဲ့ သူ့ရဲ့တာဝန်တွေနဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့၊ အဖွဲ့ဝင်ကြေးတွေကို အပြည့်အဝနဲ့ အချိန်မီ ပေးဆောင်ဖို့နဲ့ နှစ်ပေါင်းများစွာ ယူနက်စကို ကို ပေးဆောင်ရမယ့် ကြွေးမြီတွေကို အမြန်ဆုံး ဆပ်နိုင်ဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယူနက်စကိုမှ ၁၉၈၄ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ နုတ်ထွက်ခဲ့တာ ၂ ကြိမ် ရှိပါပြီ။
အခုနှစ် ဇွန်လမှာတော့ အမေရိကန်ဟာ ယူနက်စကိုရဲ့ ညွန်ကြားရေးမှူးချုပ်ဆီကို ဇူလိုင်လ ဆန်းပိုင်းမှာ ပြန်လည်ဝင်ရောက်ဖို့ အဆိုပြုစာကို ပေးပို့ခဲ့တာပါ။
သူ့ရဲ့ ခန့်မှန်းကြွေးကျန် အမေရိကန်ဒေါ်လာ ၆၁၉ သန်းကို ပြန်ဆပ်မယ်လို့လည်း ကတိကဝတ်ပြုထားပါတယ်။










