DVB Logo
Home
မြန်မာသတင်း
ဦးအောင်ကျော်မိုးကို  NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးအဖြစ် ခန့်အပ်
DVB
·
July 1, 2023
ဦးအောင်ကျော်မိုးကို  NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးအဖြစ် ခန့်အပ်
Donate to DVB

လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖြစ် ၂ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်ကျော်မိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဒုဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ဇွန်လ ၃ဝ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဦးအောင်ကျော်မိုးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို ဒုဝန်ကြီးတာဝန်ပေးခံရတာနဲ့ ပတ်သက်ပြီး ဦးအောင်ကျော်မိုးက "အကြံပေးအနေနဲ့ တာဝန်ယူတုန်းက မူဝါဒပိုင်းဆိုင်ရာ အကြံပေးရတဲ့ အလုပ်ပဲလုပ်ရတယ်ပေါ့။ အခုအစိုးရအဖွဲ့အနေနဲ့ လုပ်ရတော့ တာဝန်ယူ၊ တာဝန်ခံအလုပ်ပါလုပ်ရမှာ။ အထူးသဖြင့် ရိုဟင်ဂျာ ကိစ္စ၊ လူနည်းစုဘာသာဝင်တွေရဲ့ အခွင့်အရေးမြှင့်တင်တဲ့ဆောင်ရွက်တဲ့လုပ်ငန်း၊ တရားမျှမှုကိစ္စ၊ နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်တဲ့ကိစ္စ ပိုပြီး ကျယ်ကျယ်ဆောင်ရွက်နိုင်မယ်လို့ယုံ ကြည်ပါတယ်။ အရင်ဒုဝန်ကြီးတွဲပြီး တာဝန်တွေခွဲဝေပြီး ပိုမိုထိထိရောက်ရောက်လုပ်ဖို့စီစဉ် ထားပါတယ်။ ဒုဝန်ကြီးနှစ်ယောက်လုံးက မတူခြားနားတဲ့ နောက်ခံအတွေ့အကြုံနဲ့ဆိုတော့ ဝန်ကြီးဌာနအတွက် အားသာချက်ဖြစ်ပါတယ်”လို့  ပြောပါတယ်။

NUG အစိုးရအဖွဲ့အတွင်းမှာ ပထမဦးဆုံးအဖြစ်  အစ္စလာမ်ဘသာဝင် မွတ်စလင် အမျိုးသားတဦးကို ဒုဝန်ကြီးအဆင့် တာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။  

ဦးအောင်ကျော်မိုးဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကိစ္စတွေ ဦးဆောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတွေကို မြန်မာ၊ ထိုင်း၊ အာဖဂန်နစ္စတန် ၊ လိုက်ဘေးရီယားနိုင်ငံတွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေမှာ ၁၅ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်ကျော်မိုးဟာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေကြောင့် ပြင်သစ်အစိုးက ပေးအပ်တ့ လူ့အခွင့်အရေးဆု (CNCDH 2019)နဲ့ ဥရောပသမဂ္ဂ (အီးယူ)က ပေးတဲ့  Schuman Award by the European Union in Myanmar (2019) ဆုတို့ကို ရရှိထားသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013