DVB Logo
Home
နိုင်ငံတကာ
နယူးဇီလန်တွင် ပလတ်စတစ်အသုံးပြုမှု ပိတ်ပင်
DVB
·
July 1, 2023
နယူးဇီလန်တွင် ပလတ်စတစ်အသုံးပြုမှု ပိတ်ပင်
Donate to DVB

နယူဇီလန်နိုင်ငံမှာ ဇူလိုင် ၁ ရက်ကစပြီး ပလတ်စတစ်အိတ်ထုတ်လုပ်တာ၊ ရောင်းချတာနဲ့ အသုံးပြုတာတွေကို  ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ပြန်လည်အသုံးပြုဖို့ ခက်ခဲတဲ့ တခါသုံး ပလတ်စတစ်တွေကို ဖယ်ရှားမဲ့ နယူးဇီလန်ရဲ့အဆင့် ၃ ဆင့် အနက် ဒုတိယမြောက်အဆင့်အနေနဲ့ ပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။ 

ဒုတိယအဆင့်ပိတ်ပင်တားမြစ်တဲ့ တခါသုံး ပလတ်စတစ်အိတ်တွေနဲ့ စတစ်ကာတွေ၊  ပလက်စတစ် ပန်ကန်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ပလတ်စတစ်ကောက်ရိုးတွေဖြစ်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဇွန် ၃၀ ရက်က ပြောပါတယ်။

ဒုတိယအဆင့်ပိတ်ပင်ထားတဲ့ ပလတ်စတစ်တွေကို စတိုးဆိုင်တွေမှာ စင်ပေါ်က ဖယ်ရှားရမှာဖြစ်ပြီး လုပ်ငန်းရှင်တွေ မလိုက်နာပါက နယူးဇီလန်ဒေါ်လာ ၁ သိန်း (ယူအက်စ်ဒေါ်လာ ၆ သောင်း) ဒဏ်ရိုက်ခံရဖွယ်ရှိနေပါတယ်။

သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဒုတိယအကြိမ်တားမြစ်ချက်ဟာ တခါသုံးနဲ့ ပြန်လည် အသုံးပြုရခက်ခဲတဲ့ ပစ္စည်းတွေကို ပစ်မှတ်ထားပြီး နှစ်စဥ်အမှိုက်ပုံးတွေကနေ အိတ်ပေါင်းသန်း ၁၅၀ နီးပါး ထွက်ရှိနေတာကို ရပ်တန့်ဖိုမျှော်လင့်ထားတယ်လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလက တခါသုံးပလတ်စတစ်ဘူးတွေနဲ့ အဖျော်ယမကာဘူးတွေ၊ ပလတ်စတစ် အသားဘူးတွေကို ပထမအဆင့်အနေနဲ့ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ပလတ်စတစ်ထုတ်ကုန်တွေ ရောင်းချတာကို ရပ်တန့်လိုက်တဲ့အတွက် စွန့်ပစ်ပစ္စည်း လျှော့ချ နိုင်မှာဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်မဲ့ ကောင်းမွန်တဲ့စနစ်ကို ပေးစွမ်းနိုင်လိမ့်မယ်လို သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေးဗစ်ပါကာက စက်တင်ဘာလက ပြောကြားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံသား တဦးချင်းစီက ပျမ်းမျှအနေနဲ့ နှစ်စဥ် အမှိုက် ၇၅၀ ကီလိုဂရမ်နီးပါးကို အမှိုက်ပုံးတွေမှာ စွန့်ပစ်ခဲ့ကြပါတယ်။

source. xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013