DVB Logo
Home
မြန်မာသတင်း
မကွေး၌ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် လူငယ် ၁ ဦး ရေနစ်သေဆုံး
DVB
·
June 29, 2023
မကွေး၌ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် လူငယ် ၁ ဦး ရေနစ်သေဆုံး
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၊ အောင်ပုံရပ်ကွက်၊ ရွှေလင်မျှော်ဘုရားအနီး ဧရာဝတီမြစ်အတွင်း အမျိုးသားတဦး ဇွန် ၂၉ ရက် နေ့လယ်ပိုင်းက ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းကနေ သိရပါတယ်။

ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်အဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ကို ဖုန်းဆက် အကူအညီတောင်းတဲ့ အချိန်နဲ့ဆို ၁၅ မိနစ်လောက်ပဲရှိမယ်။ ကျနော်တို့အဖွဲ့တွေရောက်တော့ မြုပ်သွားပြီ။ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ရှာကယ်လုပ်တော့ ၁ နာရီနဲ့ မိနစ် ၅၀ လောက်မှာ အလောင်းကို ဆယ်ယူနိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေနစ်သေဆုံးသူ မောင်စည်သူလွင် (အသက် ၁၈ နှစ်) ရုပ်အလောင်းကို တပ်မိသားစုဝင်ဖြစ်တဲ့ အတွက် မကွေးမြို့ အမှတ် ၁၆ ကုတင် ၁၀၀ စစ်ဆေးရုံကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်အဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးမှုကို မကွေးမြို့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ နယ်ခံ ပရဟိတအသင်းတွေက ပူးပေါင်းဆောင်ရွက်ကာ အချိန် ၁ နာရီကြာ ရှာဖွေခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန က သတင်းထုတ်ပြန်ပါတယ်။

အခုလ ၂၅ ရက်ကလည်း ပဲခူးမြို့ ကျုံးအတွင်း ရေဆင်းချိုးတဲ့ လူငယ် ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013