Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် တော်လှန်ရေးရဲဘော်များ ငှက်ဖျားရောဂါဖြစ်နေ
DVB
·
June 25, 2023
356414260_743165677813871_6866279099366441178_n

မိုးတွင်းကာလ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ-၁ ရှိ တော်လှန်ရေးအင်အားစု ရဲဘော်တချို့ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့   ရဲဘော်တွေ ထံက သိရပါတယ်။

မိုးရာသီဟာ တောတောင်ထဲမှာ ခြင်တွေ အလွယ်တကူပေါက်ဖွားတဲ့ ရာသီဥတုဖြစ်ပြီး ရဲဘော်တွေအနေနဲ့ ခြင်ကိုက်ခံရလို့ ငှက်ဖျားဖြစ်ကြတာလို့ လည်း ရဲဘော်တွေက ပြောပါတယ်။

ငှက်ဖျားရောဂါ ဝေဒနာခံစားခဲ့ရတဲ့ ရဲဘော်တစ်ဦးက '' စစဖြစ်ချင်းတုန်းက ချမ်းလာတယ်၊ ကိုယ် ပူတယ်၊ အန်တယ်၊ ကျန်းမာရေးမှူးတွေ ညွှန်ပေးတဲ့ ငှက်ဖျားဆေးကို ဆေးပတ်လည်အောင် သောက်ရတယ်၊ တစ်ပတ်ဆယ်ရက် ခံရပါတယ်။ ခြင်ကိုက်မခံပါနဲ့ ရေကိုလည်း ကြိုချက်ပြီးမှ သောက်သင့်ပါတယ်။ အဓိကက ကိုယ်ခံအားကောင်းဖို့လိုပါတယ်''လို့  ဒီဗွီဘီကို ပြောပါတယ်။

လူနာကို ငှက်ဖျားစောင့်ကြည့် လူနာအနေနဲ့ထားပြီး ငှက်ဖျားရှိမရှိ ဆေးစစ်ပေးကာ ငှက်ဖျားရောဂါ ဖြစ်တာ သေချာပြီဆိုရင်   ငှက်ဖျားဆေးပေးပါတယ်လို့ ကျန်းမာရေးမှူး အကူတဦးက ပြောပါတယ်။

ရဲဘော်တွေကို ငှက်ဖျားရောဂါကုသပေးတဲ့ ဆေးမှူးက '' ဒီဘက်မှာတော့ အယောက် ၂၀ လောက်ဖြစ်ပြီးပြီ။ဆေးတွေက လမ်းခရီးအခြေအနေတွေကြောင့် အလွယ်တကူ မရရှိတော့ဘူး''လို့ ပြောပါတယ်။

အခုနှစ်ထဲမှာ ကေအန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ -၁ အတွင်းရှိ တော်လှန်ရေး အင်အားစုရဲဘော်တွေဟာ  ယားနာရောဂါဝေဒနာတွေလည်း ခံစားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024