DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို ကင်မွန်းချောင်းရဲစခန်းက စခန်းမှူးအပါအဝင် ၄ ဦး ထွက်ပြေ
DVB
·
June 24, 2023
ကျိုက်ထို ကင်မွန်းချောင်းရဲစခန်းက စခန်းမှူးအပါအဝင် ၄ ဦး ထွက်ပြေ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရဲစခန်းက စခန်းမှူး ရဲအုပ်ဇော်မင်းအောင် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက်စခန်းကနေ ဇွန် ၂၂ ရက်က ထွက်ပြေးသွားခဲ့တယ်လို့  ရဲတပ်ဖွဲ့နဲ့ နည်းစပ်သူက ပြောပါတယ်။ 

စခန်းမှူးတယောက်နဲ့ တပ်သားအဆင့်တွေ အပါအဝင် စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၄  ယောက် တရက်တည်း ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ 

ရဲတပ်ဖွဲ့ဝင်နဲ့နီးစပ်တဲ့သူတဦးက  “ရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင်အရာရှိအဆင့်အထိပြေးတာ အခုပထမဆုံးအကြိမ်ဖြစ်လာတယ်။ ရဲစခန်းကို တော်လှန်ရေးဘက်က မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ထိခိုက်သေဆုံးမှုလည်းများထားလို့ အခုလို စခန်းကနေ ထွက်ပြေးလာကြတယ်” လို့ ပြောပါတယ်။

ထွက်ပြေး တိမ်းရှောင်သွားတဲ့ ရဲအရာရှိအပါဝင် စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်တပ်က ဘီးလင်းမြို့နယ်၊ ရွှေသံလွင်တိုးဂိတ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း စစ်ဆေးရေးစခန်း၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်တို့မှာ ပိတ်ဆို့ ရှာဖွေပေမဲ့ လွတ်မြောက်နေခဲ့တာပါ။

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်စခန်းကနေထွက်ပြေး မှုတွေဟာ တပ်တွင်းမှာ မကြာခဏရှိလာနေပေမဲ့ စစ်ကောင်စီဘက်က တပ်တွင်းသတင်းတွေကို ဖုံးဖိထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013