DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်မှ မီးဘေးသင့် အိမ်ထောင်စု ၁၂၀ ကို ကျပ် သိန်း ၃၀ လှူဒါန်း
DVB
·
June 24, 2023
ဝက်လက်မြို့နယ်မှ မီးဘေးသင့် အိမ်ထောင်စု ၁၂၀ ကို ကျပ် သိန်း ၃၀ လှူဒါန်း
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီမှ မီးရှို့ ဖျက်ဆီးသွားသော ကျေးရွာ နှစ်ရွာက မီးဘေးသင့်အိမ်ထောင်စု တစုကို ၂၅,၀၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၁၂၀ အတွက် ၃,၀၀၀,၀၀၀ ကျပ်အား ဒီနေ့ သွားရောက် လှူဒါန်းခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထု သပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီဆီက သိရပါတယ်။

"ယနေ့ သွားရောက် ကူညီ လှူဒါန်းဖြစ်ခဲ့ကြတာ ကျေးရွာနှစ်ရွာပါ ခင်ဗျ၊ တရွာက အိမ်ထောင်စု ၂၀ ပါ၊ နောက်တရွာက အိမ်ထောင်စု ၁၀၀ ပါဗျာ။ နှစ်ရွာပေါင်း အိမ်ထောင်​စု ၁၂၀ ကို ငွေကျပ် သိန်း ၃၀ လှူဒါန်းနိုင်ခဲ့ကြတာပါ" လို့ ဝက်လက်မြို့နယ် လူထု သပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီက DVB ကို ပြောပါတယ်။  

အလားတူ ဇွန်လ ၂၂ ရက်နေ့ ကလည်း ဝက်လက်မြို့နယ် ကျေးရွာတရွာအတွင်းရှိ မီးဘေးသင့် အိမ်ထောင်စု ၁၁၉ စုအတွက် အိမ်ထောင်စု တစုကို ကျပ် ၂၅,၀၀၀ နှုန်းနဲ့ ၂,၉၇၅,၀၀၀ ကျပ်ကို ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီက သွားရောက် လှူဒါန်းခဲ့ပါသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013