DVB Logo
Home
မြန်မာသတင်း
လမိုင်းမြို့ ၌ လဝကအရာရှိ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
June 22, 2023
လမိုင်းမြို့ ၌ လဝကအရာရှိ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ အမျိုးသမီးတဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၂ ရက် မနက် ၁၀ နာရီလောက်က လမိုင်းမြို့ နာရီစင်အနီးမှာ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးက အရာရှိတဦး ဖြစ်ပါတယ်။

မျက်မြင်တွေ့ရှိသူတဦးက “ကျနော်တို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်သွားတယ်။ အသံကြားလို့ ထွက်ကြည့်မိတာ၊ ဘယ်သူတွေက ပစ်သွားလဲတော့ မသိပါဘူး” လို့ ပြောပါတယ်။

အဲ့ဒီအမျိုးသမီးဟာ လမိုင်းဆေးရုံအရောက်မှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာ ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013