DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားယာဉ်စီးခ ပိုမိုကောက်ခံနေ
DVB
·
June 21, 2023
YBS ဘတ်စ်ကားယာဉ်စီးခ ပိုမိုကောက်ခံနေ
Donate to DVB

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်ပါတဲ့ ကားတွေမှာ ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံနေတာကြောင့် YBS ယာဉ် အသုံးပြုပြီး နေ့စဉ်သွားလာရတဲ့ ပြည်သူတွေ အဆင်မပြေမှုတွေ ကြုံနေရပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတဦးက “ကျနော်တို့က သာမန်ဝန်ထမ်းတွေဆိုတော့ ကိုယ်ရတဲ့လစာနဲ့ ကိုက်ညီအောင် သုံးရတာ။ ပြန်မအမ်းတဲ့ ၁၀၀ ဆိုလည်း တန်ကြေးရှိတယ်။ ကျနော်ဆို တရက်ကို အသွားအပြန် ကား ၅ ဆင့် စီးရတယ်။ လိုင်းကားစီးဖို့အတွက် တလစာ ၄ သောင်းခွဲ ဖယ်ထားရတယ်။ ဒီနေ့ သာကေတ ကျောက်တိုင်ကနေ ဝက်စုလေးထိပဲ စီးတာကို YBS ၉ စပယ်ယာက ၄၀၀ တောင်းတယ်။ တကယ်ကို နီးနီးလေးဆိုတော့ အဲ့လိုမလုပ်သင့်ဘူး။ အခုလို ယာဉ်စီးခကို ပိုကောက်နေမယ်ဆို ကျနော်တို့ရတဲ့လစာနဲ့ နေ့စဥ်သုံးဖို့ လောက်မှာမဟုတ်တော့ဘူး” လို့ ပြောပါတယ်။

အရင်က ဂိတ်အစကနေ အဆုံးထိ စီးမှသာ ယာဉ်စီးခကို ၄၀၀ ကျပ် သတ်မှတ်ထားပြီး အခုလက်ရှိ ဘယ်နေရာကိုပဲသွားသွား အနည်းဆုံး ၄၀၀ ကျပ် ပေးနေရပြီလို့ YBS စီးနင်းကြတဲ့ ခရီးသည်တွေဆီက သိရပါတယ်။

“ဂိတ်အစကနေ အဆုံးထိစီးရင် ပေးဖို့တန်ပါတယ်။ အခုက တညင်းကုန်းကနေ စော်ဘွားကြီးကုန်းထိပဲ ၃၀၀ ကျော်ရင် ၄၀၀ ဖြစ်သွားပြီ။ ကားပေါ်တက်တာနဲ့ အော်ပြီးတော့ တောင်းတာ။ ဒီနေ့ မနက်ကမှ စကောက်နေတာ၊ ဘယ်သွားမလဲမေးပြီး ကားခတွေ ပိုကောက်ခံနေတယ်” လို့ ခရီးသည်အမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် NLD အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ခဲ့တဲ့ ကတ်နဲ့ငွေပေးချေရတဲ့ YPS စနစ်ကို YBS ယာဉ်မောင်း အများစုက လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တပ်ဆင်ထားတဲ့ စက်တွေ ပိတ်ထားတာ၊ ပျက်နေတာ စတဲ့ အကြောင်းပြချက်နဲ့ ယာဉ်စီးခကို ငွေသားနဲ့ပဲ ကောက်ခံနေတာလည်း ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆုတ်ယုတ်လာတဲ့စနစ်မှာ YBS ယာဉ်လိုင်း အများစုလည်း ပါဝင်လာပြီး စည်းကမ်းမလိုက်နာတဲ့ YBS ယာဉ်မောင်းတွေကို တိုင်ကြားနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) က ဖုန်းနံပါတ်တွေ ကြေညာထားပေမဲ့ တပ်ဆင်ထားခြင်းမရှိတဲ့ နံပါတ်တွေ ဖြစ်နေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013