DVB Logo
Home
မြန်မာသတင်း
မုံရွာ PDF စခန်းတခု မီးလောင် ကျပ် သိန်း ၃ဝဝ ခန့်ဆုံးရှုံး
DVB
·
June 21, 2023
မုံရွာ PDF စခန်းတခု မီးလောင် ကျပ် သိန်း ၃ဝဝ ခန့်ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် ၂-၃-၄ Chindwin Attack Force ရဲ့ ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ခဲ့ပြီး  ဆုံးရှုံးတန်ဖိုး ကျပ် သိန်း ၃ဝဝ လောက် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဇွန်လ ၁၉ ရက်မှာ Chindwin attack force ရဲ့ ထုတ်လုပ်ရေးစခန်းတစ်ခုအတွင်း တဖွဲ့က ဂဟေဆော်နေချိန် နောက်တဖွဲ့က ကျည်ဘောက်လုပ်နေတဲ့အချိန် မီးပွါးကတဆင့် မတော်တဆ လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာလို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် ၂-၃-၄ Chindwin Attack Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မတော်တဆမှုတစ်ခုကြောင့် ဖြစ်သွားတာပါ။ လက်လုပ်မောင်းပြန်၊ လက်နက်ကြီး၊ ဗုံးသီး အကုန်လုံး ပါသွားပါတယ်၊ ယမ်းချည်းပဲကို ကျပ် သိန်း ၁၇ဝ ဖိုးလောက်မီးထဲပါသွားတာ ပါ။ ပေါက်ကွဲမှုတွေ ဖြစ်ပေမဲ့ လူထိခိုက်တာတော့မရှိဘူး ခင်ဗျ။ အခုလိုဖြစ်သွားတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။”

မီးလောင်မှုကြောင့် မီးစက်တွေ၊ တွင်ခုံ၊ ယမ်းစိမ်း၊ လက်လုပ်မောင်းပြန်ရိုင်ဖယ်၊ လက်နက်ကြီး လက်နက်ငယ်နဲ့ ခဲယမ်းတွေ ပါသွားတဲ့အတွက် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013