DVB Logo
Home
မြန်မာသတင်း
မုံရွာ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းမီးရှို့စဉ် မိုင်းကွဲပြီး စစ်ကောင်စီတပ်သား ၄ ဦးသေ
DVB
·
November 27, 2021
မုံရွာ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းမီးရှို့စဉ် မိုင်းကွဲပြီး စစ်ကောင်စီတပ်သား ၄ ဦးသေ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်က ညောင်ဖြူပင် PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက် မနက် ၅ နာရီလောက်က ဝင်ရောက်စီးနင်း မီး‌ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ PDF အဖွဲဝင်တစ်ဦးက “PDF စခန်းတစ်ခုကို အပိုင်ဆိုပြီး ဝင်ဖမ်းတာ။ PDFကို မမိဘဲ မုံရွာလျှပ်စီးအဖွဲ့ရဲ့ မိုင်းဆွဲတာခံလိုက်ရတယ်။ နေရာတင်‌ ၄ ယောက်သေတယ်။ ကျန်တဲ့သူတွေလည်း အများအပြား ဒဏ်ရာ ရသွားတယ်။ ကျနော်တို့ PDF အဖွဲ့က အထိခိုက် မရှိဘူး”လို့ ပြောပါတယ်။

မုံရွာမြို့နယ်အတွင်း စစ်ကောင်စီက PDF စခန်းကို မီးရှို့တာ ဒီအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။  ပထမအကြိမ်က မုံရွာမြို့မြောက်ဘက်က  ပလ္လင်ကျေးရွာအနီးက PDF စခန်းတစ်ခုကို မီးရှို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013