DVB Logo
Home
မြန်မာသတင်း
မှတ်တမ်းရုပ်ရှင်တိုရိုက်ကူးရန် ဇာတ်လမ်း ၁၀ ခုကို ဒီဗွီဘီ ရွေးချယ်
DVB
·
June 19, 2023
မှတ်တမ်းရုပ်ရှင်တိုရိုက်ကူးရန် ဇာတ်လမ်း ၁၀ ခုကို ဒီဗွီဘီ ရွေးချယ်
Donate to DVB

မှတ်တမ်းရုပ်ရှင်တိုတွေ ဖန်တီးထုတ်လုပ်ဖို့အတွက်  ဒီဗွီဘီရဲ့ နိုင်ငံတကာအကဲဖြတ်ဒိုင်အဖွဲ့ဟာ မြန်မာနိုင်ငံမှ ရုပ်ရှင်ရိုက်ကူးသူ ၁၀ ဦးကို   ရွေးချယ်လိုက်ပါတယ်။

အမှီအခိုကင်းတဲ့ ရုပ်ရှင်ရိုက်ကူးသူတွေရဲ့ ကိုယ်ပိုင်ဖန်တီးမှုကို ပံ့ပိုးကူညီဖို့ ဒီမိုကရက်တစ်မြန်မာအသံ (ဒီဗွီဘီ) အနေနဲ့ ဒီပြိုင်ပွဲကို ဒုတိယအကြိမ် စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

အလွတ်တန်းရုပ်ရှင်ရိုက်ကူးသူတွေအနေနဲ့ သူတို့ရဲ့ရိုက်ကူးရေးအစီအစဉ်တွေကို တင်သွင်းဖို့ ပြီးခဲ့တဲ့ ဧပြီလမှာ ဒီဗွီဘီက ဖိတ်ကြားခဲ့ပါတယ်။ မေလလယ်မှာ စုစုပေါင်း မှတ်တမ်းရုပ်ရှင်တို ရိုက်ကူးရေး အဆိုပြုချက် ၄၇ ခု လက်ခံရရှိခဲ့ပါတယ်။

ဒီအထဲကမှ အကောင်းဆုံးဇာတ်လမ်း ၁၀ ပုဒ်ကို  လူသိများကျော်ကြားတဲ့ ရုပ်ရှင်ရိုက်ကူးသူတွေဖြစ်တဲ့ ဗြိတိန်နိုင်ငံမှ Ali Fowle ၊ မြန်မာနိုင်ငံမှ ဒါရိုက်တာ ဏကြီး နဲ့ နော်ဝေနိုင်ငံမှ Turid Rogne တို့ ပါဝင်တဲ့ နိုင်ငံတကာ အကဲဖြတ်ဒိုင်အဖွဲ့က ရွေးချယ်ခဲ့ပါတယ်။

အကဲဖြတ်ဒိုင်အဖွဲ့ အကြီးအကဲ Fowle က “ပြိုင်ပွဲအဆိုပြုချက်တွေက တော်တော်ကြီးကို အကဲဖြတ်ရ ခက်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အစပိုင်းမှာ မတူညီတဲ့ ဇာတ်လမ်းကိုယ်စီ ရွေးခဲ့ကြတယ်။ ဒါကိုကြည့်ရင် ဆုံးဖြတ်ဖို့ ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာ သိနိုင်ပါတယ်။ အပြီးသတ် ရွေးချယ်မှုအတွက် တော်တော်လေး ကျေနပ်မှုရှိပါတယ်”လို့ ပြောပါတယ်။

ဒီပြိုင်ပွဲမှာ ရုပ်ရှင်ရိုက်ကူးသူတွေကို လွတ်လပ်စွာ ဖန်တီးပိုင်ခွင့် အပြည့်အဝပေးထားပါတယ်။ ဒါပေမဲ့ ဖန်တီးသူတွေဟာ  လက်ရှိ စစ်အစိုးရလက်ထက် ပြည်သူတွေ သူတို့ရဲ့ ဘဝရှင်သန်ရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရပုံကို ထူးခြားတဲ့ ကိုယ်ပိုင်အမြင်၊ ဖန်တီးမှုနဲ့ ပုံဖော်တင်ဆက်ကြရမယ်လို့ဆိုပါတယ်။

မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားတိုင်း တည်းဖြတ်တာနဲ့ ဘေးကင်းလုံခြုံရေးသင်တန်း တက်ရောက်ခွင့်အပါအဝင် ထုတ်လုပ်ရေးဘတ်ဂျက် ရရှိမှာဖြစ်ပါတယ်။

၁၅ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်မှုကို အခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား အပြီးသတ်ရမှာဖြစ်ပါတယ်။ ဘာသာပြန်တာနဲ့ စာတန်းထိုးတာတို့  ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။

အောက်တိုဘာမှာ မှတ်တမ်းရုပ်ရှင်တို တစ်ပုဒ်စီကို DVB TV နဲ့ အွန်လိုင်းမှာ (အင်္ဂလိပ်စာတန်းထိုးနဲ့ ပြသမှာဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်တွေ အားလုံး ထုတ်လွှင့်ပြီးနောက် ဒီဇင်ဘာလမှာ ပရိသတ်တွေက အွန်လိုင်းကနေ မဲပေးနိုင်မှာပါ။

ဒိုင်အဖွဲ့မှ ရွေးချယ်သည့်ဆု (Jury Award) ဆုနဲ့  လူထုရွေးချယ်တဲ့ဆု (Public Short Doc 2023 Award) ကို ဒီဇင်ဘာလအကုန်မှာ အထူးအစီအစဉ်တရပ်အနေနဲ့ ထုတ်ဖော် ကြေညာမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ပြိုင်ပွဲဝင် ဒီဗွီဘီ မှတ်တမ်းရုပ်ရှင်တိုများကို ဤနေရာတွင် ကြည့်ရှုပါ။

https://www.youtube.com/playlist?list=PLMOtbzdh7HlMug7yf8wgYx_NQFclVuqvXပိုမိုသိရှိလိုပါက  [email protected] သို့ မေးလ်ပို့ ၍ မေးမြန်းနိုင်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013