DVB Logo
Home
မြန်မာသတင်း
နန့်မွန်းမြို့တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းတွေ့ 
DVB
·
June 19, 2023
နန့်မွန်းမြို့တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းတွေ့ 
Donate to DVB

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ  ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓားဒဏ်ရာများစွာနဲ့ အမည်မသိရုပ်အလောင်းကို လာရောက်စွန့် ပစ်သွားတာဖြစ်ပြီး  ဇွန် ၁၇ ရက် ညနေက  တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"ဓားဒဏ်ရာ ၆ ချက်လောက်တွေ့ရတယ်။ မသေမချင်း ထိုးသတ်သွားတဲ့ပုံစံပဲ။ ကောင်လေးက အသက် ၂၀ ကျော် လောက်ပဲရှိသေးတယ်။ ဘယ်သူဆိုတာလဲ မသိရသေးဘူး။ သေဆုံးပြီးမှ လာစွန့် ပစ်ထားတဲ့ ပုံစံမျိုးပဲလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် အမျိုးသား ရုပ်အလောင်းမှာ လည်ပင်းနဲ့ ရင်အုပ် တို့မှာ ထိုးသွင်း ဒဏ်ရာတွေ တွေ့ရပြီး ဦးခေါင်း နောက်စေ့မှာလည်း ဓားခုတ် ဒဏ်ရာ တချက် တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့အလောင်းကို လူမှုကူညီရေးအသင်းအဖွဲ့တွေက နန့်မွန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။

ကချင်ပြည်နယ်မှာ သတ်ဖြတ် အလောင်းစွန့်ပစ်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ မေလကလည်း ဖားကန့်မြို့နယ်အတွင်း အမည်မသိ အလောင်းစွန့်ပစ်မှု ၁၀ လောင်းထက် မနည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013