DVB Logo
Home
မြန်မာသတင်း
နည်းပညာမကျွမ်းကျင်သဖြင့် PDF ဂိမ်းကစားသူများကို ဖမ်းမမိ
DVB
·
June 15, 2023
နည်းပညာမကျွမ်းကျင်သဖြင့် PDF ဂိမ်းကစားသူများကို ဖမ်းမမိ
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်တဲ့ မျိုးဆက်သစ် GZ လူငယ်တွေတီတွင်ခဲ့တဲ့ PDF game ကစားသူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပေမဲ့ မြေပြင်ဖမ်းဆီးရေးအဖွဲ့ဟာ နည်းပညာမကျွမ်းကျင်တာကြောင့် ဖမ်းဆီရမိသူမရှိဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မြေပြင်မှာ တာဝန်ကျနေတဲ့ တပ်သားတွေမှာ ပညာအရည်အချင်းမရှိတာကြောင့် PDF ဂိမ်းကစားသူတွေကို ဖမ်းဆီးရမိသူမရှိသလောက် နည်းပါးတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အောက်ခြေမှာ ကျနေတဲ့သူတွေက ကိုယ့်နာမည်တောင် လက်ဗွေနှိပ်ပြီး လစာထုတ်နေတာ၊ တချို့တပ်သားတွေဆို အင်္ဂလိပ်မပြောနဲ့ ဗမာစာတောင် စာလုံးပေါင်းမမှန်ဘူး၊ အဲ့လိုလူက ဘယ်လိုသွားစစ်မလဲ။ PDF game တွေ့လို့ ဖမ်းမိတာ တခါမှမကြုံဖူးဘူး။”

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို စစ်ဆေးရာမှာ ဖုန်းအတွင်း PDF game  အပလီကေးရှင်းတွေ ရှိ၊ မရှိစစ်ဆေးဖို့ ညွှန်ကြားထားပေမဲ့ အောက်ခြေမှာ စစ်သားနဲ့ ရဲတွေဟာ မိမိအသက်မသေရေးကို ဂရုစိုက်နေရတာကြောင့် ရှာဖွေဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။

“ဖုန်းထဲမှာရှိတဲ့ ဂိမ်းစစ်ဖို့ အလွယ်ပြောတာ တကယ်တမ်း မလွယ်ဘူး။ ဖုန်းတလုံးနဲ့တလုံး တူတာလည်း မဟုတ်ဘူး။ ကိုယ့်အဖွဲ့ထဲမှာ ပါတဲ့သူတွေတောင် အရင်က Keypad ဖုန်းပဲကိုင်တာ၊ အခုနောက်ပိုင်းက Touch screen ဖုန်းတွေ ဖြစ်လာတာ။ သူတို့ဖုန်းတောင် မသုံးတတ်လို့ ဆိုင်သွားမေးနေတာ ဘယ်လိုစစ်မလဲ။”

၂၀၂၂-၂၀၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီအရေးယူပြီး တရားစွဲဆိုရာမှာ PDF game တွေ့ပြီး တရားစွဲဆိုခံရသူမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေတဦးကလည်း ပြောပါတယ်။

“တရားရုံးတွေမှာ ပုဒ်မ ၅၀၅ (က) ပုဒ်မ ၅၀ (ည) ပုဒ်မ ၅၂ (က) (ခ) အမှုတွေလောက် တွေ့ရတယ်၊ PDF ဂိမ်းနဲ့ပတ်သက်ပြီး ဖမ်းမိလို့ တရားစွဲတာတော့ မတွေ့ရဘူး။” 

PDF ဂိမ်းကစားတာဟာ NUG၊ CRPH နဲ့ PDF ကို တဖက်တလမ်းက ထောက်ပံ့တာဖြစ်တဲ့အတွက် ဖမ်းဆီးခံရနိုင်တယ်လို့  စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ နေ့စဉ် ထုတ်ပြန်ကြေညာနေတာ ဖြစ်ပါတယ်။

PDF game နဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ခေါင်းဆောင်တွေ တွေ့ဆုံကာ အခုလို အမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013