DVB Logo
Home
မြန်မာသတင်း
ယောနယ်ရှိ စစ်ဘေးသင့်ပြည်သူများကို Save For Yaw အဖွဲ့က ထောက်ပံ့
DVB
·
June 13, 2023
ယောနယ်ရှိ စစ်ဘေးသင့်ပြည်သူများကို Save For Yaw အဖွဲ့က ထောက်ပံ့
1 / 4
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းရှိ ထန်းပင်ကုန်းရွာကို ဇွန် ၁၂ ရက်က ဆန်၊ ဆီနဲ့ ငါးသေတ္တာတွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ Save For Yaw အဖွဲ့ တာဝန်ခံက ပြောပါတယ်။

ထန်းပင်ကုန်းရွာရှိ ပြည်သူတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက စတင်စစ်ရှောင်ခဲ့ရတာဖြစ်ပြီး လူဦးရေ ၆၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

Save For Yaw အနေနဲ့ ဆန် ၄၅ တင်း၊ ဆီပိသာ ၁၂၀၊ ငါးသေတ္တာ ဘူး ၁၂၀ တို့ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဆန်၊ ဆီ ထောက်ပို့ဖို့ သွားရလာရတာ မလွယ်ကူကြောင်း ပြောပါတယ်။

ထောက်ပံ့ပို့ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ Save For Yaw အဖွဲ့ဝင်တဦးက “ဆန်၊ ဆီ ပို့ရတာ မလွယ်ဘူး။ ဒေသခံတွေနဲ့ အချိတ်အဆက်လုပ်ပြီး စစ်ကြောင်းမထိုးတဲ့ရက်ကို ရွေးပြီး ပို့ပေးရတယ်” လို့ ပြောပါတယ်။

ယောဒေသက စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးအတွက် ပုံမှန်ထောက်ပံ့နေတဲ့ အဖွဲ့ရယ်လို့ မရှိဘဲ စစ်ရှောင်အချင်းချင်း တယောက်ရှိတာတယောက် မျှစားပြီး ရှေ့ဆက်ကြရတယ်လို့ ဆိုပါတယ်။

“ခုလိုမျိုး များများစားစား ထောက်ပံ့တာတွေ မရှိလို့ ခုလို လာထောက်ပံ့ပေးလို့ အရမ်းဝမ်းသာတယ်” လို့ ထန်းပင်ကုန်းကျေးရွာမှ စစ်ဘေးသင့်ပြည်သူတဦးက ပြောပါတယ်။

ယောဒေသက စစ်ဘေးရှောင်‌‌တွေထဲမှာ ကျောင်းနေအရွယ်ကလေးတွေလည်း ပါဝင်ပြီး တနယ်လုံးမှာ ကိုယ်ထူကိုယ်ထကျောင်းတွေဖွင့်ကာ ကလေးတွေ ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် ကြိုးပမ်းနေကြပြီး ဆရာ ဆရာမဦးရေ မလုံလောက်တာတွေလည်း ရှိတယ်လို့ Save For Yaw တာဝန်ခံက ဆိုပါတယ်။

“Formal Education ကတော့ ယောဒေသတခုလုံးမှာ မြို့ပေါ်ကလွဲရင် ရွာက ကလေးတွေအားလုံး ရှိတဲ့ဆရာမတွေနဲ့ပဲ အဆင်ပြေအောင် သင်နေကြရတာ။ အဘက်ဘက်ကနေ လိုအပ်ချက်တွေများတာကြောင့် စဉ်ဆက်မပြတ်အောင်လောက်ပဲ သွားနိုင်တာ။ ပညာရေးကလည်း အရည်အသွေးမမီနိုင်ဘူး။ အနာဂတ် ယောနယ်ဒေသရဲ့ ပညာရေးကတော့ ရင်လေးစရာပါ” လို့ သူက ဒီဗွီဘီကို ပြောပါတယ်။

Save For Yaw အဖွဲ့ဟာ ယောဒေသရှိ စစ်ဘေးရှောင်တွေ၊ နေအိမ်မီးရှို့ခံထားရသူတွေ၊ ကျောင်းနေအရွယ် ကလေးတွေအတွက် သီးသန့်ကူညီပေးမယ့် အဖွဲ့အစည်း ရှားပါးတာကြောင့် စစ်ဘေးရှောင်တွေနဲ့ မီးရှို့ခံကျေးရွာတွေကို ထောက်ပံ့ဖို့၊ ကလေးတွေ ပညာရေးအတွက် တဖက်တလမ်းကနေ ကူညီဖို့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရန်ပုံငွေအတွက်ကတော့ နီးစပ်ရာ အသိမိတ်ဆွေများ၊ fundraising အဖွဲ့တွေကနေ အကူအညီတောင်းရတယ်လို့ Save For Yaw အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013