DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ပထမဆုံးအကြိမ် တော်လှန်အနုပညာပြပွဲ ကျင်းပ
DVB
·
June 12, 2023
ကရင်နီတွင် ပထမဆုံးအကြိမ် တော်လှန်အနုပညာပြပွဲ ကျင်းပ
1 / 13
Donate to DVB

ကရင်နီပြည်နယ်မှာရှိတဲ့ တောတွင်းတနေရာမှာ အနုပညာရှင်ရဲဘော်တွေက တော်လှန် အနုပညာပြပွဲကို ဇွန် ၁၁ ရက်က ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

ခေတ်ရေစီးကြောင်း တော်လှန်​ရေးလှုပ်ရှားမှု အနုပညာရှင် (Postmodernism Artist) အဖွဲ့ဝင်တယောက်က “လက်နက်ကိုင်လမ်းစဥ်ကို ရွေးခဲ့ကြတဲ့ လူငယ်တွေ ဖြစ်တယ်ပေါ့။ တဖက်က ကျနော်တို့ လက်နက်ကိုကိုင်မယ်၊ တဖက်မှာလည်း ကျနော်တို့ အနုပညာကို အနူးညံ့ဆုံးနဲ့ ဖန်တီးမယ်ပေါ့။ တောထဲ တောင်ထဲမှာလည်း ၂၁ ရာစုခေတ်ထဲမှာ လူငယ်မျိုးဆက်တွေဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်စွာ တော်လှန်ရေးတခုကို ဖန်တီး​နေတယ်ဆိုတာကို ချပြချင်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လူသားမဆန်စွာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာကို မခံနိုင်လို့ တောတောင်ထဲ ရောက်နေပေမဲ့ အနုပညာကိုလည်း တဖက်တလမ်းကနေ ပါဝင်ချင်ကြတဲ့ လူငယ်အနုပညာရှင်တွေလည်း ပါဝင်တက်ရောက်ကြတယ်လို့ သိရပါတယ်။

ပြပွဲရဲ့တင်ဆက်မှုတွေမှာ မြေပြင်မှာ အမှန်တကယ် ထိခိုက်ခဲ့တဲ့ အရာတွေဖြစ်တဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အိမ်တွေက အစအန အပိုင်းအစတွေ၊ ရဲဘော်တွေရဲ့ ထိခိုက်မှုကို ပုံဖော်ထားတာတွေ၊ မိုင်းထိထားတဲ့ ရဲဘော်တွေရဲ့ အဝတ်အစားတွေ စတဲ့အရာတွေနဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။

​တော်လှန်အနုပညာပြပွဲမှာ ပန်းချီတွေ၊ ကဗျာတွေ၊ Installation Art တွေ၊ ကဗျာရွတ်ဖတ်တာတွေ၊ ပန်းချီကားလက်ဆောင် မဲဖောက်ပေးတာတွေ၊ ဦးထုပ်လက်ဆောင် မဲဖောက်ပေးတာတွေ၊ ကော်ဖီနဲ့ ဧည့်ခံတာတွေ စတဲ့အစီအစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါပြပွဲကို ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီမှာရှိတဲ့ အနုပညာကို စိတ်ဝင်စားတဲ့ ရဲဘော်တွေက အဓိကထား တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013