DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံး
DVB
·
June 9, 2023
မြိတ်မြို့တွင် အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇွန် ၈ ရက်က ကိုဗစ်အတည်ပြုလူနာ ၁ ဦး သေဆုံးသွားတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဇွန် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြိတ်မြို့က သေဆုံးလူနာဟာ တနင်္သာရီမြို့နယ် ကော့မပြင်းရွာက အသက်တနှစ်ကျော်အရွယ် ကလေးငယ်တဦးဖြစ်ပြီး ပုဂ္ဂလိကဆေးရုံတခုကနေ မြိတ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသစဉ် သေဆုံးသွားတာလို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။

အခုလ  ၄ ရက်ကလည်း ထားဝယ်မြို့နယ်က အမျိုးသမီးကြီးတဦး ထားဝယ်ဆေးရုံကြီးမှာ ကိုဗစ်လက္ခဏာနဲ့ ဆေးကုသနေစဉ် သေဆုံးခဲ့ပါတယ်။

မေလအတွင်း ထားဝယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦး သေဆုံးခဲ့ပြီး အခုဇွန်လဆန်းမှာတော့ ထားဝယ်မြို့နဲ့ မြိတ်မြို့မှာ ကိုဗစ်လူနာ တဦးစီ သေဆုံးခဲ့တာကြောင့် တနင်္သာရီတိုင်းမှာ ကိုဗစ်အတည်ပြု သေဆုံးလူနာ ၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

သေဆုံးသူတွေဟာ အသက်အရွယ်ကြီးသူ၊ ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ဇွန် ၁ ရက်ကနေ ၈ ရက်အထိ တပတ်အတွင်း တနင်္သာရီတိုင်းမှာ မြိတ်မြို့က ကိုဗစ်အတည်ပြုလူနာ ၃ ဦး စစ်ဆေးတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းမှာ သင်္ကြန်ကာလအပြီး စစ်ကောင်စီ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိ၊ ထားဝယ်တက္ကသိုလ်ပါချုပ်တို့မှာ ကိုဗစ်ကူးစက်ကြောင်း စတင် စစ်ဆေးတွေ့ရှိရပြီးနောက် ကိုဗစ်အတည်ပြုလူနာ ဆက်တိုက်စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013