DVB Logo
Home
မြန်မာသတင်း
KBZ Pay ဖြင့် ငွေလွှဲရာတွင် မှတ်ချက်ထည့်မရေးပါက အကောင့်ပိတ်ခံရမည်ကို လုပ်ငန်းရှင်များ စိုးရိမ်
DVB
·
June 9, 2023
KBZ Pay ဖြင့် ငွေလွှဲရာတွင် မှတ်ချက်ထည့်မရေးပါက အကောင့်ပိတ်ခံရမည်ကို လုပ်ငန်းရှင်များ စိုးရိမ်
Donate to DVB

KBZ Pay အသုံးပြုသူတွေအကြား အကောင့်အပိတ်ခံရတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့လာပြီးနောက် Kbz Pay နဲ့ ငွေလွှဲရာမှာ သက်ဆိုင်တဲ့ အကြောင်းအရာက Note မှတ်ချက် ထည့်ရေးသားပေးကြဖို့ တနိုင်တပိုင်လုပ်ငန်းတွေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းလုပ်ကိုင်သူတွေက သတိပေး တောင်းဆိုလာကြပါတယ်။

Online Shop လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက  “အခုရက်ပိုင်း လိုင်းပေါ်မှာ Kpay အကောင့် ပိတ်တာမျိုးတွေကြားနေရတော့ ငွေလွှဲတဲ့အခါ မှတ်စုနေရာလေးမှာ စာလေးရေးပြီး ထည့်‌ပေးဖို့ရယ်၊ အကောင့်တွေပိတ် ခံရရင် လွှဲတဲ့သူရောလက်ခံတဲ့သူရော ငွေပြန်ထုတ်ဖို့ ခက်တာမို့ ဆုံးရှုံးနစ်နာမှု မရှိရအောင် ကြိုတင်ကာကွယ်ကြတာ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ အများပြည်သူရဲ့ Kbz Pay, Wave Pay စတဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို သက်ဆိုင်ရာဘဏ်တွေက ဆက်တိုက်ပိတ်နေတာဖြစ်ပြီး အကောင့်အပိတ်ခံရတဲ့ ပြည်သူတွေလည်း မကြာခဏ ဖမ်းဆီးခံနေရတာမျိုးလည်း ရှိနေပါတယ်။

မိတ္ထီလာမြို့မှာ ကိုယ်တိုင်ကြုံရသူက “နေ့စဉ် Pay အကောင့် အသုံးပြုနေသူတွေကို ဘဏ်က စောင့်ကြည့်နေတာ၊ အကောင့်တစ်ခုထဲကို ငွေလွှဲဝင်တဲ့အကြောင်းရေများလာပြီဆိုရင် ငွေလက်ခံတဲ့ အကောင့်က PDF နဲ့ CDM ကို ထောက်ပံ့ဖို့ အလှူခံနေတာဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပစ်တာ၊ အကောင့်အပိတ်ခံရရင် အန္တရာယ်ရှိသွားပြီ၊ ဗဟိုဘဏ်ကို စာရင်းပို့တယ်၊ ဗဟိုဘဏ်ကနေ အကောင့်ပိုင်ရှင်ရဲ့ မှတ်ပုံတင်ကို ခြေရာခံပြီး သက်ဆိုင်ရာမြို့နယ် လဝက ကနေ ဖမ်းဆီးခိုင်းတာမျိုး လုပ်တာ၊ ကျနော်အကောင့်တွေ အကုန်အပိတ်ခံရပြီး ၅၀(ည) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတော့ ရှောင်နေရတယ်” လို့ ပြောပါတယ်။

KBZ Pay Call Center ဘက်ကတော့ Notes ထည့်ရေးရန် ဆိုတာကလည်း မိမိလုပ်ဆောင်ခဲ့တဲ့ transaction တွေကို အလွယ်တကူ ပြန်စစ်ဆေးနိုင်ဖို့အတွက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ 

KBZ Pay အကောင့် အပိတ်ခံရပါက ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကြောင့် လုပ်ဆောင်ရတာဖြစ်ပြီး အကောင့်ပြန်လည် အသုံးပြုလိုပါက ဗဟိုဘဏ်နဲ့သာ တိုက်ရိုက်ဆက်သွယ်ဖို့လိုတယ်လို့ KBZ Pay ဘက်က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဥပဒေပုဒ်မ ၅၀ (ည) အရ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အင်အားစုတွေဆီ ငွေကြေးထောက်ပံ့တယ်လို့ အတိုင်ခံရတဲ့ K-Pay အကောင့်တွေကို ပိတ်ခဲ့တာလို့ ဆိုထားပြီး အဲဒီလူတွေရဲ့ နေအိမ်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာနဲ့ ဖမ်းဆီးတာတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013