DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းရာသီပြန်စတင်ချိန် ငါးအရနည်းသဖြင့်  လုပ်ငန်းရှင်များအရှုံးပေါ်
DVB
·
September 19, 2026
Photo:  MOI
Photo:  MOI
Donate to DVB

မြန်မာ့ပင်လယ်​ပြင်မှာ ငါးဖမ်းရာသီပြန်လည်စတင်ချိန်မှာ ငါးအရနည်းတာကြောင့် လုပ်ငန်းရှင်တွေ အရှုံးပေါ်နေတယ်လို့ ဒေသခံငါးလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ငါးမဖမ်းရရာသီပိတ်ချိန်တွင် ၃ လ ပိတ်ထားချိန်မှာ ပင်လယ်အတွင်းစီးဝင်နေတဲ့ ရေချိုပမာဏ များနေလို့  ငါးအရနည်းတာလို့ ငါးလုပ်ငန်းအသိုက်အဝန်းက ပြောပါတယ်။

ငါးလုပ်ငန်းရှင်တယောက်က "ငါးတွေကသိပ်မရဘူး။ ငါးအရနည်းတော့ လုပ်ငန်းက အရှုံးပေါ်တာ ပေါ့။ ပင်လယ်ထဲကို ရေချိုတွေစီးဝင်ပမာဏက အရမ်းများတော့ ပင်လယ်ငါးက သိပ်မရဘူး။ ကုန်းဘက်ကရေတွေက အရမ်းကြီးတဲ့အခါကျတော့ ဒီရေတွေက နောက်ပိုင်း ပင်လယ်ဝ ထွက်ဆင်းတော့ ပင်လယ်နဲ့ကမ်း ၁၀ မိုင်လောက်မှာ ရေချိုတွေစုနေတာပေါ့။ ရေတွေချိုတဲ့ အခါကျရင် အဲဒီရေငန်ငါးတွေက အပေါ်သိပ်မတက်ဘူး။ အဲဒါကြောင့်ငါးတွေမရဘူး" လို့ ပြောပါတယ်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေအားလုံးအတွက် ၂၀၂၆ ခုနှစ်အတွက် ငါးမဖမ်းရကာလကို ဧပြီ ၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

ပင်လယ်ပြင်ကို ငါးရှာထွက်တဲ့ ငါးဖမ်းစက်လှေတစင်း တန် ၃၀ အထက်ကို ကျပ်သိန်း ၃၀ဝ လောက် ကုန်ကျတယ်လို့ သိရပါတယ်။

အရင်က ပင်လယ်ပြင်ငါးဖမ်းထွက်ရာမှာ ပျမ်းမျှ သင်္ဘောတစင်းကို ၄ ကျင်းပါ အပူခံ ပလတ်စတစ်ပုံး ၃၀ လောက် အထိရရှိကြပြီး လက်ရှိတွင် ၅ ပုံးကျော်လောက်သာ ရရှိတယ်လို့ ဆိုပါတယ်။

ငါးဖမ်းလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဟိုင်းကြီးကျွန်း၊ ဖျာပုံ၊ လပွတ္တာ၊ ဘိုကလေးအစရှိတဲ့မြို့နယ်တွေက ကမ်းနီး/ကမ်းဝေး ပင်လယ် ငါးဖမ်းစက်လှေလုပ်ငန်းကို အဓိက ထားလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

ပင်လယ်​ပြင်က ဖမ်းဆီးရမိတဲ့ငါးတွေကို ငါးဆိပ်/ငါးလေလံဈေးမှာ ရောင်းချကြပြီး ငါးလက်ကား ဝယ်သူတွေကို ရောင်းကာ ပြည်တွင်းဈေးကွက်ကို အဓိကဖြန့်ကြပါတယ်။

အဲဒီကနေတဆင့် အရည်အသွေးကောင်းပြီး ပမာဏများပါက ပြည်ပတင်ပို့တဲ့ ကုမ္ပဏီ/တင်ပို့သူ တွေထံ ရောင်းချကြတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013