DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်၊ ၁ သိန်းကျော်အောင်မြင်ပြီး ၆ သောင်းခန့် ကျရှုံး 
DVB
·
June 9, 2023
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်၊ ၁ သိန်းကျော်အောင်မြင်ပြီး ၆ သောင်းခန့် ကျရှုံး 
Donate to DVB

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို နိုင်ငံတဝန်းရှိ စာစစ်ဌာနတွေမှာ ဇွန်လ ၉ ရက် ဒီနေ့ မနက်မှာ ထုတ်ပြန်ခဲ့ရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ တသိန်းကျော်လောက် အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၆၇ ရာခိုင်နှုန်းကျော်သာရှိခဲ့ကာ  ခြောက်သောင်းနီးပါး ကျရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

စနစ်ဟောင်း၊ သင်ရိုးဟောင်းကို မဖြေဆိုလိုက်ရသူတွေနဲ့ ကျရှုံးထားသူတွေအတွက် အခုနှစ် မတ်လမှာ နောက်ဆုံးစာမေးပွဲအဖြစ် ကျင်းပပေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို  နိုင်ငံခြားစာစစ်ဌာနအပါအဝင် နိုင်ငံတဝန်း ကျောင်းသား ကျောင်းသူပေါင်း ၁၆၁၈၅၀ ဦး ဖြေဆိုခဲ့ကြရာမှာ ၁၀၉၈၅၁ ဦးအောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းဒေသကြီးမှာတော့   ၁၂၄၂၁ ဦး ဖြေဆိုခဲ့ပြီး  ၉၃၂၁ ဦး အောင်မြင်ကာ ၇၅ ဒသမ ၀၄ ရာခိုင်နှုန်းနဲ့  အောင်ချက်ရာခိုင်နှုန်း အများဆုံးဖြစ်ပါတယ်။

အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ်ဖြစ်ပြီး  ၉၅၃၃ ဦး ဖြေဆိုရာမှာ ၇၀၅၇ ဦးအောင်မြင်ခဲ့ပါတယ်။  မန္တလေးတိုင်းမှာတော့ ၂၂၀၆၉ ဦး ဖြေဆိုခဲ့ရာမှာ ၁၆၀၁၈ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် တတိယ အကောင်းဆုံးဖြစ်ပါတယ်။

ဒီနှစ်မှာ တနိုင်ငံလုံး သိပ္ပံဘာတွဲမှာ ၅၅၆ မှတ်နဲ့ အမှတ်အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ 

အခုနှစ်မှာ စာမေးပွဲကျရှုံးသူတွေအနေနဲ့ ကျောင်းတက်ခွင့်မရှိတော့ပဲ စနစ်သစ် Grade 12 စာမေးပွဲ ကိုဝင်ရောက်ဖြေဆိုမယ်ဆိုရင်  ပြင်ပကနေတက်ရောက်ဖြေဆိုနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

တဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကို အာဏာဖီဆန်ပြီး စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေက ယနေ့တိုင် ကျောင်းမတက်ဘဲ သပိတ်မှောက်ထား ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013