DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာတိုးမြှင့်ရောင်းချမည်ဟု ကြေညာထားသော်လည်း ‌ဒေါ်လာဈေး ပြန်တက်လာ
DVB
·
June 8, 2023
ဗဟိုဘဏ်က ဒေါ်လာတိုးမြှင့်ရောင်းချမည်ဟု ကြေညာထားသော်လည်း ‌ဒေါ်လာဈေး ပြန်တက်လာ
Donate to DVB

မြန်မာပြည်တွင်းဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ  နိုင်ငံခြားငွေ တိုးမြှင့်ရောင်းချပေးမယ်လို့  ပြီးခဲ့တဲ့ မေလ  နောက်ဆုံးပတ်က ဗဟိုဘဏ် ကြေညာခဲ့‌ပေမဲ့ လက်ရှိဈေးကွက်မှာတော့ ဒေါ်လာဈေးက ပြန်လည် မြင့်တက်လာ‌နေပါတယ်။

ဇွန်လ ၈ ရက် နေ့လယ်ပိုင်း ပြင်ပ‌ငွေကြေးဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို  မြန်မာငွေ ၂၉၆၅ ကျပ်ထိ ဖြစ်ပေါ်နေပြီး ဇွန် ၁ရက်နေ့စပြီး တရိပ်ရိပ်  ပြန်မြင့်တက်လာပါတယ်။

ရန်ကုန်က ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက “ဘဏ်တွေမှာ ဒေါ်လာတိုးရောင်းပေးမယ်လို့ ဗဟိုဘဏ်စာထုတ်တော့ နောက်ရက် ဈေးပြန်ကျသွားတယ်။ ဒါပေမဲ့ ခဏပဲ။ အခု‌တောက်လျှောက် ပြန်တက်လာတယ်”လို့ ပြောပါတယ်။

ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းက တစ်ဒေါ်လာကို ကျပ် ၂၈၆၀ ဝန်းကျင်မှာ ဈေးငြိမ်နေခဲ့ပြီး မေလ တတိယပတ်ကစလို့ တရိပ်ရိပ် ဈေးမြင့်တက်လာခဲ့ပါတယ်။

တဒေါ်လာကို ကျပ် ၁၉၅၀ အထက်ထိ ရောက်ရှိချိန်မှာတော့ စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေ စုဆောင်းဝယ်ယူသူတွေ၊ ဈေးကစားသူတွေကို အရေးယူမယ်လို့ ပြီးခဲ့တဲ့ မေလ ၂‌၅ ရက်‌မျာ သတိပေးချက် ထုတ်ပြန်ပါတယ်။

မေ၂၆ ရက်နေ့မှာတော့ ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ ဒေါ်လာငွေတိုးမြှင့် ရောင်းချပေးမယ်လို့ ထပ်မံကြေညာလာပါတယ်။

အဲဒီနောက် တစ်ဒေါ်လာကို ကျပ်  ၁‌၉၁၀ အထိ ပြန်ကျဆင်းခဲ့ပေမယ့်  ဇွန်လ ၁ ရက်နေ့ကစပြီး တရိပ်ရိပ် ပြန်မြင့်တက်လာတာပါ။

ပြီးခဲ့တဲ့ မတ်လပိုင်းကတော့ Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ ၂၀ ရဲ့ Money Changer လိုင်စင်တွေကို   ဗဟိုဘဏ်က ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ဗဟိုဘဏ် ထုတ်ပြန်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို  မလိုက်နာတာကြောင့် ဆိုပြီး လိုင်စင်တွေကို ပြန်ရုပ်သိမ်းလိုက်တာပါ။

လက်ရှိမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ ဖြစ်ပြီး အဲဒီနှုန်းထား ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013