DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာ
DVB
·
June 7, 2023
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာ
1 / 2
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်ကို ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ  ပိုမိုပြုလုပ်လာတယ်လို့  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ပြောပါတယ်။ 

KNDF ပြန်ကြားရေးတာဝန်ရှိသူတယောက်က “စစ်ကောင်စီက ၂၀၂၃ မှာ လေကြောင်းကနေ ပိုအသုံးများလာတယ်ပေါ့နော်။ တိုက်ပွဲဖြစ်တဲ့ နေရာကော မဖြစ်တဲ့နေရာကော နေ့ညမကျန် အသုံးပြုတိုက်ခိုက်နေတာ ကြည့်ခြင်းအားဖြင့် သူတို့က မြေပြင်မှာ ထိခိုက်ကျဆုံးများနေလို့၊ စစ်ရေးအရ အရေးနိမ့်နေလို့ လေကြောင်းကို အဆမတန် အသုံးပြုနေတာပါ” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အတွင်း ပြည်သူ ၁၅၂ ဦး သေဆုံးကာ ၁၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် ဘာသာရေး အဆောက်အဦ ၁၂ လုံး၊ ဆေးရုံ​ဆေးခန်း ၁၆ လုံးနဲ့ စာသင်ကျောင်းပါမကျန် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ KNDF တို့ ၂ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၁,၀၀၀ ကျော် ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်က မြေပြင်မှာ ၂,၀၆၅ ဦး သေဆုံးပြီး ၄၁ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီ (ကယား) ပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ကို ၂၀၂၁၊ မေလက စတင်ဖွဲ့စည်းခဲ့ပြီး ၂ နှစ်တာကာလအတွင်း စစ်ဗျူဟာ ၆ ခုနဲ့ တပ်ရင်း ၂၂ ရင်းကို အခိုင်အမာ ဖွဲ့စည်းထားနိုင်ခဲ့ကာ ကရင်နီနဲ့ ရှမ်းပြည်တောင်ပိုင်းကို တပ်ဖြန့်လှုပ်ရှားခဲ့တယ်လို့ ဇွန် ၅ ရက်က ထုတ်ပြန်ထားပါတယ်။

၂ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်း ၁၀ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲအကြိမ်ရေ စုစုပေါင်း ၃၄၀ ကြိမ်၊ လွိုင်ကော်မြို့နယ်မှာ  ၁၆၂ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၁၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်မှာ ၁၇၀ ကြိမ်၊ ပင်လောင်းမြို့နယ်မှာ ၄၉ ကြိမ်၊  ဘောလခဲမြို့နယ်မှာ ၆၇ ကြိမ်၊ ရှားတောမြို့နယ်မှာ ၂၂ ကြိမ်၊ ဖားဆောင်းမြို့နယ်မှာ ၂ ကြိမ်နဲ့ မယ်စဲ့မြို့နယ်မှာ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူက “အဓိကက ကရင်နီကို ဝင်ဖို့အတွက်က ရှမ်းပြည်တောင်ပိုင်းကနေ စစ်ကူလာရတာတွေ ရှိတယ်။ ရှမ်းပြည်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေက ဖြတ်တောက် တိုက်ခိုက်တာတွေလည်း ရှိတော့ ရှမ်းပြည်ကို ကူးသွားတာပေါ့။ ပြီးတော့ ရှမ်းပြည်နယ်က ပင်လောင်း၊ ဖယ်ခုံမြို့က နေပြည်တော်ကောင်စီနယ်မြေနဲ့ ဆက်စပ်နေတော့ တိုက်ပွဲတွေ ကူးသွားမှာကြောက်လို့ သူတို့ဘက်က ထိုးစစ်ဆင်နေတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ လွိုင်ကော်မြို့ တမြို့မှာသာ ဆက်လက်လည်ပတ်နိုင်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နဲ့ ဘောလခဲမြို့တွေမှာ ယန္တရားလည်ပတ်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013