DVB Logo
Home
မြန်မာသတင်း
ကုလအထူးသံတမန် နိုလင်းဟေဇာနှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
DVB
·
June 4, 2023
ကုလအထူးသံတမန် နိုလင်းဟေဇာနှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန် ၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

NUG ခေါင်းဆောင်ပိုင်းနဲ့ အခုလို လူချင်းတွေ့ဆုံမှုကို ကြိုဆိုကြောင်း၊ နိုလင်းဟေဇာရဲ့ အထူးကိုယ်စားလှယ်ဆိုင်ရာ တာဝန်ဝတ္တရားတွေ အဆုံးသတ်ဖို့ ဆုံးဖြတ်မှုကို အသိအမှတ်ပြု လက်ခံကြောင်းနဲ့ NUGအနေနဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေအပေါ်  ဒေါက်တာ ဟေဇာရဲ့ နှစ်မြှုပ်ဆောင်ရွက်ခဲ့မှုတွေကို အသိအမှတ်ပြုကြောင်း တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်တာဝန်တွေ ထမ်းဆောင်ရာမှာ မြောက်မြားစွာသော အတွေ့အကြုံ၊ အင်အား စိုက်ထုတ်မှုတွေနဲ့  စိတ်ပိုင်းဖြတ်မှုခိုင်မာစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း အထူးသဖြင့် အကူအညီ အလွန်အမင်း လိုအပ်နေတဲ့ လူမှုအသိုက်အဝန်းတွေအတွက် လူသားချင်းစာနာ အကူအညီတွေ ရရှိဖို့နဲ့ မြန်မာ အမျိုးသမီးတွေရဲ့ ထုတ်ဖော်ဖွင့်ဟတဲ့အသံတွေကို မြှင့်တင်ပေးနိုင်ဖို့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာ နိုလင်းဟေဇာဝန်ခံ ပြောကြားတဲ့အတိုင်း မြန်မာနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖြေရှင်းဆောင်ရွက်မှု ကင်းမဲ့တာဟာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရာမှာ သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို ပိုမိုခက်ခဲ ဆိုးရွားစေခဲ့တယ်၊ ရလဒ် အနေနဲ့ အထူးကိုယ်စားလှယ် သက်တမ်းအတွင်း တရားမဝင် စစ်အုပ်စုဟာ ကြမ်းကြုတ် ရက်စက် ယုတ်မာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့် လုပ်ဆောင်ခဲ့တဲ့ အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာ တောင်းဆိုချက်တွေကို လျစ်လျူရှုကာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုတွေလည်း  ဟန့်တား နှောင့်ယှက်ခဲ့တယ်လို့ ဒေါ်ဇင်မာမောင်က ပြောပါတယ်။

အခုအချိန်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတားရက်စ်အနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဦးဆောင် လမ်းပြဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က  ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုဆိုင်ရာ မြန်မာပြည်သူလူထုရဲ့  ကြိုးပမ်းမှုအတွက် ကုလသမဂ္ဂအနေနဲ့ အထောက်အကူပေးသွားမယ်လို့ အတွင်းရေးမှူးချုပ်က အခိုင်အမာ ပြောကြားခဲ့လို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရပ်တန့်ဖို့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေးရာ စိတ်ဆန္ဒကို ဖော်ဆောင်နိုင်မယ့်  နိုင်ငံရေး အဖြေတစ်ရပ် ထွက်ပေါ်လာဖို့ အတွင်းရေးမှူးချုပ်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဦးစားပေးဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ခက်ခဲကြမ်းတမ်းဆုံး ကာလကို ဖြတ်သန်းနေရချိန်မှာ အထူးသံတမန်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြည်သူရဲ့စကားကို နားထောင်ပြီး သူတို့ရဲ့ ဖြေရှင်းချက်တွေကို ကူညီပံ့ပိုးပေးတဲ့ သူ့ရဲ့ ချဉ်းကပ်မှု နည်းလမ်းသစ်ကို နားလည်သဘောပေါက်ပါတယ်လို့ NUG နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။ 

မစ္စနိုလင်းဟေဇာဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က စတင်ခန့်အပ်ခံရကာ၊ လပေါင်း ၂၀ လောက် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့မှာ တာဝန် ပြီးဆုံးတော့မှာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013