DVB Logo
Home
မြန်မာသတင်း
မေလတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုအကြိမ် ၁၀၀ ကျော်ကျူးလွန်၊ ပြည်သူ့နေ အိမ်အလုံး ၄၀၀၀ ကျော်ဆုံးရှုံး
DVB
·
June 4, 2023
မေလတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုအကြိမ် ၁၀၀ ကျော်ကျူးလွန်၊ ပြည်သူ့နေ အိမ်အလုံး ၄၀၀၀ ကျော်ဆုံးရှုံး
Donate to DVB

ပြီးခဲ့တဲ့ မေတလတာအတွင်း စစ်ကောင်စီတပ်က နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု အကြိမ်ရေ ၁၀၀ ကျော်ထိ ကျူးလွန်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက အရပ်သားနေအိမ်အလုံး ၄,၀၀၀ ကျော် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၆၁ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက် စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၃,၀၀၃ လုံးအထိ ရှိခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၈ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း ၃ ကျောင်းနဲ့ ဆေးရုံ ၁ ရုံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မကွေးတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၃၁ ကြိမ်ရှိခဲ့ပြီး မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၈၃၃ လုံးအထိ ရှိခဲ့ကာ ထိခိုက်ပျက်စီးခဲ့တဲ့ ဆေးရုံ ၃ ရုံ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၁၀ ကြိမ်၊ မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၅၂ လုံးအထိ ရှိခဲ့ပြီးတော့ မီးရှို့သတ်ဖြတ်ခံရသူ ၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းထဲမှာတော့ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ကြိမ်ရှိခဲ့ပြီး မီးလောင် ပျက်စီးခဲ့ရ တဲ့ အရပ်သားနေအိမ် ၄၂ လုံးအထိ ရှိခဲ့ကာ မီးရှို့သတ်ဖြတ်ခံရသူ ၁၈ ယောက်နဲ့ ထိခိုက် ပျက်စီးခဲ့တဲ့ စာသင်ကျောင်း ၂ ကျောင်း ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ကြိမ်၊ မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၃၈ လုံးအထိ ရှိခဲ့ပြီးတော့ တနင်္သာရီတိုင်းမှာတော့ မီးရှို့ခံရတဲ့အကြိမ်ရေ ၁ ကြိမ်၊ မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂ လုံး ရှိခဲ့တယ် လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကိုတော့ NUG အစိုးရက လွတ်လပ်တဲ့မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့ အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်ကနေ ပြည်သူလူထုပေးပို့တဲ့ သတင်းအချက် အလက်တွေကို စိစစ်ဖော်ပြတာဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်း ဖက်မှုတွေဟာ ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထု အပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ် လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေ ကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013