
မြန်မာပြည်တွင်းမှာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ “ကော်လာရှည်ရှည် ကေလန်လန်” စာအုပ်ကို နယ်စပ်မှာ စတင်ဖြန်ချိ ရောင်းချပေးနေပါပြီ။
နွေဦးလမ်းမများစာပေတိုက်ကထုတ်ဝေတဲ့ မြန်မာပြည်ရဲ့ နာမည်ကျော် လူပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေကို ကဗျာရှည်ကြီးတပုဒ်ထဲနဲ့ စာအုပ်ရေးသားထားတဲ့ မင်းကိုနိုင်ရဲ့ ကော်လာရှည်ရှည် ကေလန်လန် စာအုပ်ဟာ အာဏာမသိမ်းခင်ကတည်းက ထုတ်ရမှာကို အခက်အခဲတွေကြောင့် အခုမှ စတင် ဖြန့်ချိနိုင်တာပါလို့ ထုတ်ဝေသူ ကဗျာဆရာ ဝေမှူးသွင်က ပြောပါတယ်။
စာရေးသူ မင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်ဘဝ အချိန်က စစ်တပ်ပါတီ မဆလပါတီရဲ့ ကျဆုံးခန်း ကဗျာဆရာ အောင်ချိမ့်၊ တွံတေးသိန်းတန်၊ ရုပ်ရှင်မင်းသားမြတ်လေး ဘီအီးဒီအောင်သိုက်စတဲ့ ကော်လာ ရှည်ရှည်ကေလန်လန်ကြီးတွေများစွာရဲ့ အကြောင်းတွေကို ကဗျာရှည်ကြီးတပုဒ်အဖြစ် ဖွဲ့ဆိုထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
မင်းကိုနိုင်ရဲ့ ကော်လာရှည်ရှည် ကေလန်လန်စာအုပ်ကို ထိုင်းဘတ် ၃၅၀ နှုန်းနဲ့ ရောင်းချ ဖြန့်ဝေနေပြီ ဖြစ်ပြီး တခြားနိုင်ငံတကာကိုလည်း ဖြန့်ချိသွားမယ်လို့ ထုတ်ဝေသူ ကဗျာဆရာ ဝေမှူးသွင်က ပြောပါတယ်။










