DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းရန် အဓမ္မဆင့်ခေါ်မှုကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြရန် ကိုမင်းကိုနိုင် တိုက်တွန်း
DVB
·
February 11, 2024
စစ်မှုထမ်းရန် အဓမ္မဆင့်ခေါ်မှုကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြရန် ကိုမင်းကိုနိုင် တိုက်တွန်း
Donate to DVB

စစ်မှုထမ်းဖို့ အဓမ္မဆင့်ခေါ်တာတွေကို လွတ်မြောက်နယ်မြေထွက်လာတဲ့ နည်းလမ်းအပြင် တခြားနည်းလမ်းတွေနဲ့ ဆန့်ကျင်တွန်းလှန်ကြဖို့ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။ 

စစ်တပ်ထဲ မဝင်ဘဲ အဖမ်းခံပြီး ထောင်ထဲဝင်လိုက်မယ်လို့ အလွယ်မတွေးစေချင်ဘဲ ထောင်ထဲဝင်မှ၊ ထောင်သားဖြစ်သွားမှ လူသားဒိုင်းအဖြစ်သုံးမှာကို နားလည်မယ်ထင်ကြောင်း သူ့ရဲ့လှုမှုကွန်ရက်ကနေ ပြောထားပါတယ်။ 

စစ်မှုထမ်းဖို့ ဆင့်ခေါ်ရေး/ဆေးစစ်ရေးဘုတ်အဖွဲ့တွေက ပြည်သူကို ငွေညှစ်ပြီး ဖိနှိပ်မယ့်အရေးမှာ တိုက်ချင်းတိုက် ပြည်သူဘက်ကပဲ တိုက်မယ်လို့ အသိပေးလာသူအပေါင်းလည်း အစစ ပြင်ဆင်ထားကြဖို့လည်း ပြောထားပါတယ်။ 

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ  အာဏာစတည်ပြီလို့ အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာလိုက်တာပါ။ 

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်မှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ထုတ်ပြန်ကြေညာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ကြောင်း လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေမှာ ကျဆုံးဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေ၊ လက်နက်ချ အညံ့ခံသူတွေ များလာတဲ့အတွက် စစ်ကောင်စီက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ပြည်သူ့စစ်သင်တန်းအတွက် လူစုဆောင်းမှုတွေ ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။ 

လတ်တလောမှာ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင် ၊ ကရင်နီ၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် မြို့နယ်တို့မှာ စစ်စခန်းပေါင်းရာနဲ့ချီကာ သိမ်းဆည်းခံနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013