Home
မြန်မာသတင်း
မုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် မွန်ပြည်သစ်ပါတီက ကျပ်သိန်း ၅၀၀ လှူဒါန်း
DVB
·
May 29, 2023
350116554_656194566413984_3981898942029677953_n

မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ရခိုင်ပြည်သူတွေအတွက် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) က ငွေကျပ် သိန်း ၅၀၀ ပံ့ပိုးကူညီပေးခဲ့တယ်လို့  ရခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

မုန်တိုင်းဒဏ်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မွန်ပြည်သစ်ပါတီက ပံ့ပေးကူညီပေးခဲ့တဲ့ ငွေကျပ် သိန်း ၅၀၀ ကို လက်ခံရရှိကြောင်းနဲ့ ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် မိတ်ဆွေပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် ကျေးဇူးတင်ကြောင်း  ရခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းပြီးနောက် သန့်ရှင်းတဲ့ ရေရရှိရန်ဖို့ ထောက်ပံ့မှုတွေ ပေးခဲ့ပေမဲ့ ဆက်လက်လိုအပ်နေဆဲဖြစ်သလို အရေးပေါ်အကူညီတွေလည်း ဆက်လက်လိုအပ်နေတာပါ။ 

မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ပြည်သူ  ၁ ဒသမ ၆ သန်းအတွက် ဒေါ်လာ ၃၃၃ သန်း အရေးပေါ် ရန်ပုံငွေလိုအပ်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက တောင်းခံထားကြောင်း  UNOCHA  က ထုတ်ပြန်ထားပါတယ်။ 

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့ နယ်မှ နေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀ လုံး၊ စာသင်ကျောင်း ၁၃၅၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇၀၁ လုံး၊ အခြားပျက်စီးမှု ၁၀၁၄ ခု ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024