DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုအမည်ခံပြီး ဘုတ်ပြင်းစီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေ တောင်း
DVB
·
May 27, 2023
တော်လှန်ရေးအင်အားစုအမည်ခံပြီး ဘုတ်ပြင်းစီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေ တောင်း
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ တော်လှန်ရေးအင်အားစု အမည်ခံပြီး အတင်းအဓမ္မခြိမ်းခြောက် ငွေတောင်းနေတာတွေ ရှိနေတယ်လို့ ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေး( ပကဖ) က ထုတ်ပြန်ထားပါတယ်။

အခုနှစ်မေလအတွင်းမှာပင် ငွေညစ်တောင်းခံမှုတွေရှိလာပြီး အရင် ငွေလွှဲဆိုင်တွေဆီကို ဖုန်းဆက်ပြီး ငွေညှစ်တောင်းခံလာပြီးနောက်  စီးပွားရေးလုပ်ငန်းရှင်နဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ ဆီကို ပစ်မှတ်ထားပြီး ငွေတောင်းခံလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းကလည်း ငွေလွှဲဆိုင်တချို့နဲ့ ဘုတ်ပြင်းမြို့နယ်က လုပ်ငန်းရှင်တွေကို ဖုန်းဆက်ပြီးငွေ‌ညှစ်တောင်းခံတာတွေရှိခဲ့တဲ့ ဖြစ်စဉ်တခုလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့တာဝန်ရှိသူတဦးက "အရင် ၄ လပိုင်းတုန်းကလည်း ဘုတ်ပြင်းမြို့နယ်ဘက်မှာ အထက်သားအသံနဲ့ ၁ ယောက် က ဖုန်းဆက်ပြီး ငွေလွဲဆိုင်တွေလုပ်ငန်းရှင်တွေဆီက တောင်းရမ်းတဲ့ကိစ္စ ဖြစ်ခဲ့‌သေးတယ်။ ခု ၅ လပိုင်းကကျတော့ ကျေးရွာတွေမှာ ဘိတ်စကားသံနဲ့ ငွေတောင်းတာ နောက်တကြိမ်ထပ်ဖြစ်တယ်" လို့ ပြောပါတယ်။

"လက်ရှိ ငွေညှစ်တဲ့ အဖွဲ့ ၂ ဖွဲ့ ထင်ရတဲ့လူ ၂ ယောက်ရဲ့အသံဖိုင်ရထားတယ်။ ဒီအသံဖိုင်တွေကို တော်လှန်ရေးအင်အားစုတွေကို ပို့‌ပြီးတော့ စုံစမ်းစစ်ဆေးပြီး လုပ်တဲ့လူရုပ်လုံးပေါ်လာရင်တော့ ဥပဒေနဲ့အညီ အပြစ်ပေးသွားဖို့ရှိပါတယ်" ထပ်မံပြောပါတယ်။

ဒါအပြင်  ငွေညှစ်တောင်းခံရမှာလည်း  ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်တာမျိုးရှိမရှိ အရင်မေးမြန်းနေတဲ့အတွက်  ထောက်ချောက်ဆင်ဖမ်းဆီးဖို့ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

အဆိုပါငွေညှစ်ခံနေရတဲ့‌ နေရာတွေက ဘုတ်ပြင်းမြို့နယ်ထဲက ကြိမ်နီတောင်ကျေးရွာ၊ ကြိ မ်မဲတောင် ကျေးရွာ၊‌ လေညာကျေးရွာ၊ရွှေဂဲညို‌ကျေးရွာနဲ့‌ ချောင်းကဖီးကျေးရွာ‌ နဲ့ ကျွန်းစုမြို့နယ်ထဲ့က ဘားတောင်ကျေးရွာနဲ့ စစ်ပုကျေးရွာတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ကြိမ်နီတောင်ရွာနဲ့ ကြိမ်မဲတောင်ရွာမှာတော့ ဒီလိုမျိုး ရေလုပ်ငန်းကိုယ်စားလှယ်တွေ‌ဆီမှာ လာတောင်း‌တာတွေရှိတယ်။ ဘယ်သူမှ ငွေလွှဲမပေးကြဘူး။ ကြောက်လို့ပေးလိုက်ရင်တောင် PDF တွေနဲ့ ပတ်သက်နေတယ်လို့ပြောပြီး အကွက်ဆင် ဖမ်းနိုင်တယ်လေ။" 

အဆိုပါ ကျေးရွာတွေထဲက ရွှေဂဲညိုရွာနဲ့ ချောင်းကဖီး‌ရွာတို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အားကောင်းတဲ့နေရာတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

အခုလို့ တော်လှန်ရေးအင်အားစုအမည်ခံပြီး ငွေညှစ်တောင်းခံနေကြတဲ့ ဘယ်အဖွဲ့အစည်း မဆို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကနေ ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013