DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ထိုင်းဆက်ဆံရေးကို ပြန်လည်စဉ်းစားရမည်ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော
DVB
·
May 26, 2023
မြန်မာနှင့် ထိုင်းဆက်ဆံရေးကို ပြန်လည်စဉ်းစားရမည်ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော
Donate to DVB

မြန်မာနဲ့ ထိုင်း ၂ နိုင်ငံကြားက ဆက်ဆံရေးကို ပြန်လည်စဉ်းစားရလိမ့်မယ်လို့ စစ်အုပ်စုဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီသီတင်းပတ်ထဲမှာ ပြောလိုက်တယ်လို့ Thai Enquirer သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒါဟာ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းခံရတဲ့ Move Forward ပါတီ (MFP) ရဲ့ လူငယ်ဝန်ကြီးချုပ်လောင်း ဖိထား လိုမ့်ကျရွန်း ရတ်ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ ခုလိုထွက်ပေါ်လာခဲ့တာပါ။

မြန်မာစစ်အုပ်စုရဲ့ ဒုတိယအာဏာအရှိဆုံး ဒုဗိုလ်ချုပ်ကြီး စိုးဝင်းက ထိုင်းမှာ အစိုးရသစ် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ MFP ပါတီက အနောက်အုပ်စုတွေကို လိုလားပြီး အကြမ်းဖက်သမားတွေကို ကူညီမှာမို့ သူတို့ရဲ့ သတင်းတွေ၊ လှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်ချက်တွေကို သိရှိအောင် လုပ်ရမှာဖြစ်ကာ ထိုင်း-မြန်မာနယ်စပ်ကို စောင့်ကြည့်ဖို့ သူ့တပ်ရင်းတွေကို ညွှန် ကြားလိုက်တဲ့အကြောင်း ဧရာဝတီသတင်းပုဒ်ကို ကိုးကားပြီးတော့ Thai Enquirer သတင်းမှာ ဖော်ပြထားတာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာစစ်အုပ်စုက သွေးထွက်သံယို ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို စတင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်အနီးမှာလည်း ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့အတူ မပြီးဆုံးတဲ့ ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီ (MFP) အကြီးအကဲ ဖိထားကတော့  ဒီလိုသွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ မြန်မာနိုင်ငံကို ခုထက်ပိုမိုဖိအားပေးသင့်တယ်လို့ ပြောထားတာပါ။

“လူတွေကို သူတို့ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လုံလောက်တဲ့ ဖိအားနဲ့ မက်လုံးတွေ ရှိတယ်ဆိုတာ သေချာအောင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ လက်တွဲပြီးတော့ ကျနော်တို့ စတင် နိုင်မှာပါ။”

မြန်မာနဲ့ ထိုင်းနိုင်ငံဟာ သမိုင်း၊ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ဆက်ဆံ မှုတွေအရ ရှုတ်ထွေးပြီး ကျယ်ပြန့်တဲ့ ဘက်ပေါင်းစုံဆက်ဆံရေး ရှိနေတာဖြစ်ကာ ၂ နိုင်ငံ ကြား ကုန်သွယ်မှု၊ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ယဉ်ကျေးမှုဖလှယ်ရေးတို့နဲ့အတူ ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားတဲ့ ကုန်းမြေနယ်နိမိတ်ကို ထိစပ်မျှဝေထားပါတယ်။

သမိုင်းကြောင်းအရလည်း ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပဋိပက္ခတွေ အပြန်အလှန်ရှိခဲ့ကာ ရှေးကတည်းက ကုန်သွယ်မှုနဲ့ သံတမန်ဆက်ဆံရေးတွေ ပါ၀င်ပြီး နယ်မြေအငြင်းပွားမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေလည်း ရှိခဲ့ပါတယ်။

သိပ်မကြာသေးခင်ကတော့ ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကတဆင့် ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ၂ နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကာ ဒီမိုကရေစီစနစ်ဖော်ဆောင်ပြီး ဖက်ဒရယ်အစိုးရတရပ် ထွက်ပေါ်လာဖို့ ကြိုးပမ်းနေကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ပြည်သူတွေ လိုလားတဲ့  ရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံးရထားတဲ့ MFP ပါတီနဲ့ နိုင်ငံရေးအခင်းအကျင်းဟာလည်း ရှုပ်ထွေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013