DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ပြည်သူများအတွက် NUG အစိုးရက ငွေကြေးထောက်ပံ့
DVB
·
May 25, 2023
ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ပြည်သူများအတွက် NUG အစိုးရက ငွေကြေးထောက်ပံ့
1 / 4
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်တိုင်းသင့်ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီးဌာနက မိုးကာဝယ်ယူနိုင်ဖို့ ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို မေ ၁၄ ရက်က မိုခါဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် NUG အစိုးရ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီးဌာနက မိုးကာတွေဝယ်ယူနိုင်အောင် ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာလို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေအတွက် နေစရာအခက်အခဲဖြစ်နေလို့ မိုးကာတွေဝယ်ယူနိုင်အောင် တအိမ်ထောင်ကို ၂၀,၀၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၁,၀၀၀ စာ ကျပ်သိန်း ၂၀၀ ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတယောက်က “ကျနော်တို့ပြည်သူတွေ မုန်တိုင်းဒဏ်သင့်ပြီး နေစရာ၊ စားစရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ NUG အနေနဲ့ ငွေကျပ် ၂၀,၀၀၀ ထောက်ပံ့ဖြစ်တဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။ ဒီအချိန်မှာ ကူညီကယ်ဆယ်ရေးတွေကလည်း အချိန်မီ ရောက်မလာလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ အခုလို ထောက်ပံ့ပေးတဲ့အတွက်လည်း NUG အစိုးရကို အရမ်းကျေးဇူးတင်တယ်” လို့ ပြောပါတယ်။

NUG အစိုးရအနေနဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကို ငွေကျပ်သိန်း ၁,၀၀၀ ပံ့ပိုးကူညီခဲ့တယ်လို့ မေ ၁၇ ရက်က ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်မှတ်ရေးထိုးပြီး ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013