DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့ လဝကဦးစီးမှူးရုံးနှင့် မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
May 23, 2023
လောင်းလုံးမြို့ လဝကဦးစီးမှူးရုံးနှင့် မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ လဝကဦးစီးမှူးရုံးနဲ့ မြို့မရဲစခန်းကို မေ ၂၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီက အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒုလဝကမှူးတဦး သေဆုံးပြီး ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လဝကဦးစီးမှူးရုံးမှာ ဝန်ထမ်းတွေ ထမင်းစားနားနေတဲ့အချိန် ရုံးရှေ့မှာ သေနတ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ဒုလဝကမှူးတဦး သေဆုံးပြီး ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောပါတယ်။

“သေသွားတာက ဒုလဝကမှူး ဦးသိန်းမင်းလတ်ပါ။ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရတယ်။ လာပစ်တဲ့အချိန် ရုံးထဲမှာ ဝန်ထမ်း ၁၆ ယောက်လောက်ရှိတယ်။ မသေလို့တော်သေးတာ။ အကုန်ပြေးပုန်းကြတာ။ အပြင်ကိုသတင်းပေါက်မှာစိုးလို့ စစ်တပ်က ဖုံးထားတာ။”

အလားတူ လောင်းလုံးမြို့မရဲစခန်းလည်း အဆိုပါလက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။

“ရဲစခန်းကို မလိုက်ရဲအောင် ပစ်သွားသေးတယ်။ ရဲတွေက မလိုက်ရဲဘူး။ အခုဆို မြို့ပေါ်မှာ ကားတွေမသွားရဲဘူး။ လဝကဝန်ထမ်းတွေလည်း ကြောက်နေတယ်။”

ဒီနေ့ ပစ်ခတ်ခံရတဲ့ လောင်းလုံးမြို့ လဝကဦးစီးမှူးရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီတပ်က အသစ်ပြန်လည်တည်ဆောက်ပေးထားတာ ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013