သာကေတမြို့မရဲစခန်းအနီး မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးတွေ့ရှိ
DVB
·
June 25, 2025

သာကေတမြို့နယ်၊ မြင်တော်သာလမ်းပေါ်မှာရှိတဲ့ မြို့မရဲစခန်းအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ် ဗုံးတလုံးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲဝန်ထမ်းတယောက်က အတည်ပြုပြောပါတယ်။
“လမ်းပိတ်ပြီး အဲဒီဗုံးကို ခွဲလိုက်ရတယ်။ လမ်းပိတ်ထားတာလည်း တော်တော်ကြာတယ်။ အဲဒီနားမှာက စည်ပင်ရုံးလည်းရှိတယ်။ တပ်စွဲထားတဲ့ ဘောလုံးကွင်းလည်းရှိတယ်” လို့ ရဲစခန်းအနီး နေထိုင်သူတယောက်က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ရှာဖွေမှုတွေဆက်လက်လုပ်ဆောင်နေသလို ဖြတ်သန်းသွားလာတဲ့ သူအချို့ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။