DVB Logo
Home
မြန်မာသတင်း
KNLA တပ်မဟာ ၁  ထိန်းချုပ်နယ်မြေရှိ ရွာချင်းဆက်လမ်းကို  စစ်တပ်က ထပ်မံဖျက်ဆီး
DVB
·
May 23, 2023
KNLA တပ်မဟာ ၁  ထိန်းချုပ်နယ်မြေရှိ ရွာချင်းဆက်လမ်းကို  စစ်တပ်က ထပ်မံဖျက်ဆီး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၃ ကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေထဲက မဲရုံးလေးလမ်းကို မေ ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ထပ်မံဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလမ်းဟာ  အင်္ဂဘိုလက်ပံပင်အဝမှ မဲရုံးလေးကျေးရွာသို့ ဝင်တဲ့လမ်းဖြစ်ပြီး စစ်တပ်က မနေ့ ညနေ ၄ နာရီလောက်မှာ ဘက်ဟိုးနဲ့ လမ်းကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မဲရုံးလေး၊ မဲရုံးကြီး၊ ကဒိုင်တွတ်၊ မိုးဘော၊ နတ်စင်၊ ကျောက်ဖျာ၊ ရွာသစ်၊ ခမောက်ခွေနဲ ကော်ကပ်ရွာတွေဟာ အဲဒီလမ်းကနေ ဆောင်နိုင်ကြီး ကင်မွန်းချောင်း ဘက်ပြန်ထွက်လို့ ရတာ ကြောင့် အခုလိုဖျက်ဆီးတာဟာ အရပ်သားတွေ ထိခိုက်နစ်နာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

ကျိုက်ထိုမြို့ KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာနယ်မြေများရှိ ကျေးရွာချင်းဆက်လမ်း တွေကို ဒီနေ့အထိ ၃ နေရာလောက်ကို စစ်တပ်က ဖျက်ဆီးထားပြီး အဲဒီလမ်းတွေဟာ အာရှ လမ်းမကြီးနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013