DVB Logo
Home
မြန်မာသတင်း
ဆန်အိတ် ၁၀၀၀ နှင့်အထက် သိုလှောင်သည့်ဆန်ဆိုင်များ မှတ်ပုံမတင်လျှင် အရေးယူမည်
DVB
·
May 21, 2023
ဆန်အိတ် ၁၀၀၀ နှင့်အထက် သိုလှောင်သည့်ဆန်ဆိုင်များ မှတ်ပုံမတင်လျှင် အရေးယူမည်
Donate to DVB

ဆန်ရောင်းဝယ်သူတွေအနေနဲ့ ဆန်အိတ် ၁ ထောင်နဲ့အထက် သိုလှောင်ထားပါက မှတ်ပုံတင်ရမှာဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းက သိရပါတယ်။

ဆန်လက်လီလက်ကားရောင်းချသူတွေအနေနဲ့ ဆန်အိတ် ၁ ထောင်နဲ့အထက် သိုလှောင်ထားပါက စားသုံးသူရေးရာဦးစီးဌာနမှာ မှတ်ပုံတင်ရမယ်လို့ ကုန်သည်ကြီးများအသင်းမှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဆန်တွေကို သိုလှောင်ပြီး စျေးမကစားနိုင်အောင်လို့ ထိန်းချုပ်တဲ့သဘောပါ။ အရင်က မှတ်ပုံမတင်ထားပေမဲ့ အခုတော့လုပ်ရမယ်၊ လာစစ်တဲ့အချိန် မှတ်ပုံတင်ထားတာမရှိရင် ဥပဒေအရ အရေးယူသွားမှာပါ၊ ဘယ်လိုအရေးယူမယ်ဆိုတာတော့ မသိသေးဘူး။" 

ဆန်သိုလှောင်တာနဲ့ပတ်သက်ပြီး အရင်က မည်သည့်ဌာနကိုမှ အကြောင်းကြားရတာ မရှိပေမဲ့ လက်တလောမှာ စစ်ကောင်စီနဲ့ အရပ်ဘက်ပူးပေါင်းပြီး အခုလိုမျိုးလုပ်လာတာလို့ ဆန်လက်ကားရောင်းချသူတဦးက ဒီဗွိဘီကို ပြောပါတယ်။

"ဆန်အသင်းက စစ်တပ်နဲ့ပေါင်းပြီး လုပ်နေတာ။ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီဘက်မှာ ဆန်စက်တွေကို စစ်ဆေးနေတာကြာပြီ။ အချို့အဖွဲ့တွေက ပိုက်ဆံမယူဘူး၊ အချို့အဖွဲ့တွေက ပိုက်ဆံယူပြီးပြန်ကြတာ။" 

စပါးသိုလှောင်သူတွေအနေနဲ့လည်း စပါးတင်း ၅၀၀၀ အထက်သိုလှောင်ပါက မှတ်ပုံတင်အကြောင်းကြားရတယ်လို့ ဘိုကလေးမြို့ခံတောင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စပါးတင်း ၁ ထောင်ကျော်လောက် ဆန်စက်ပို့တာ၊ ပိုမရဘူး၊ စစ်ဆေးရေးဝင်နေလို့ဆိုပြီး။ သူတို့လုပ်တာက တကယ်စျေးတင်ရောင်းတဲ့သူကို ဖဖမ်းဘဲ အောက်ခြေကသူတွေကို ဒုက္ခရောက်အောင်လုပ်နေသလိုပဲ။" 

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဆန်ကုန်သည်ကြီးများအသင်းမှာ စစ်ကောင်စီတပ်၊ ဌာနဆိုင်ရာနဲ့ ဆန်ကုန်သည်ကြီးများအသင်း၊ တောင်သူများ အစည်းအဝေးပွဲအပြီးမှာ ဆန်ဆိုင်နဲ့ သိုလှောင်ရုံတွေအတွက် လိုင်စင်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အသင်းဝင်အချို့ဆီက သိရပါတယ်။

ဆန်ဈေးတက်အောင် သိုလှောင်တာတွေကို ထိန်းကျောင်းနိုင်ဖို့အတွက် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ  ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013