DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဝန်ကြီးဟောင်း၏ ဈာပန ထိုင်းနိုင်ငံတွင် ကျင်းပ
DVB
·
May 21, 2023
တနင်္သာရီတိုင်းဝန်ကြီးဟောင်း၏ ဈာပန ထိုင်းနိုင်ငံတွင် ကျင်းပ
Donate to DVB

အန်အယ်လ်ဒီအစိုးရ လက်ထက်က တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့  ဦးမြင့်စန်းရဲ့ ဈာပနကို  မေ ၂၀ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဖူးခက်မြို့ ကော့စလေဘုန်းတော်ကြီးကျောင်းမှာလုပ်တဲ့ အဲဒီအခမ်းအနားကို ထိုင်းရောက် မြန်မာ အလုပ်သမားအများစုအပါအဝင် လူ ၁၀၀၀ လောက် တက်ရောက်ခဲ့ပြီး ရုပ်အလောင်းကိုတော့ နေ့လယ် ၁ နာရီလောက်မှာ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ အခမ်းအနား စီစဥ်သူ တဦးက ပြောပါတယ်။

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်စန်းဟာ ပြီးခဲ့တဲ့ ၆ လလောက်ကမှ ထိုင်းနိုင်ငံထဲ ထွက်ပြေး တိမ်းရှောင် လာခဲ့ပြီး နောက်ဆုံးအဆင့် သရက်ရွက်ကင်ဆာ ဆေးကုသမှုခံယူရင်း မေ ၁၇ ရက်က ကွယ်လွန်ခဲ့ တာပါ။

ဦးမြင့်စန်းဟာ ၂၀၁၅ နဲ့ ၂၀၂၀  ရွေးကောက်ပွဲတွေမှာ တိုင်းဒေသကြီးလွှတ်တော် လောင်းလုံးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာဇာတိဖြစ်တဲ့ ဦးမြင့်စန်းရဲ့ နေအိမ်ကို  ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ မှာ စစ်တပ်က ချိတ်ပိတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လိုက်လံဖမ်းဆီးတာတွေကြောင့် တိမ်းရှောင်ရင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ဆေးကုသမှု အလုံအလောက်မရတာကြောင့် သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013