DVB Logo
Home
မြန်မာသတင်း
YFA အထည်ချုပ်စက်ရုံကို အလုပ်သမားကတရားစွဲဆိုမှု နစ်နာကြေးကျပ် ၁၀ သိန်းဖြင့်ပြီးပြတ်
DVB
·
May 20, 2023
YFA အထည်ချုပ်စက်ရုံကို အလုပ်သမားကတရားစွဲဆိုမှု နစ်နာကြေးကျပ် ၁၀ သိန်းဖြင့်ပြီးပြတ်
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က YFA အထည်ချုပ်စက်ရုံနဲ့ ပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ တိုင်းဥပဒေရုံးမှာ စေ့စပ်ညှိနိူင်းပြီး နစ်နာကြေးကျပ် ဆယ်သိန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ အလုပ်သမားဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နဲ့မညီဘဲ အလုပ်ကထုတ်လို့ဆိုပြီး YFA စက်ရုံလုပ်သား မအိပိုပိုလှိုင်က အလုပ်ရှင်ကို တရားစွဲဆိုခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ မနေ့က တိုင်းတရားရုံးမှာ နှစ်ဘက်စေ့စပ်ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

"စက်ရုံဘက်က ကျပ်ဆယ်သိန်းပေးပြီး အမှုကို အဆုံးသတ်လိုက်တယ်။ အလုပ်သမားကလည်း သဘောတူညီကြောင်း လက်မှတ်ထိုးတယ်။ အဲဒီတော့ အမှုက သူတို့အကြား ပြီးပြတ်သွားပြီဆိုတဲ့ သဘောဖြစ်သွားတာပေါ့" လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစေ့စပ်ညှိနှိုင်းမှုအရ စက်ရုံဘက်က ငွေကြေးပေးခဲ့တာဟာ ဥပဒေပါအတိုင်း အနိုင် အရှုံးကို တရားရုံးက အမိန့်ချမှတ်တာ မဟုတ်တဲ့အတွက် အပြည့်အဝ ကျေနပ်မှု မရဘူးလို့လည်း သူက ဆိုပါတယ်။

"ကိုယ်တွေလိုချင်တာက အလုပ်ရှင်က အပြစ်ကျူးလွန်ထားရင်၊ ကျူးလွန်တယ်ဆိုတဲ့ အဆုံးအဖြတ်ရချင်တာ။ အခုအလုပ်သမားနဲ့ အလုပ်ရှင် စေ့စပ်ညှိနှိုင်းတဲ့အဆင့်နဲ့ ပြီးသွားတာ။"

စက်ရုံအလုပ်သမားက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချိုးဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အဲဒီပြစ်မှု တကယ်ကျူးလွန်ရင် ငွေဒဏ်ဖြစ်စေ၊ သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်ဆိုပြီး တည်ဆဲဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဥပဒေပါအတိုင်း တရားရုံးက ငွေဒဏ်ချမှတ်ရင် အခု သဘောတူထားတဲ့ ငွေပမာဏလောက် မရနိုင်ဘဲ ပြီးပြတ်သွားနိုင်ပြီး စေ့စပ်ညှိနိူင်းမှုအရ အလုပ်သမားက ရသင့်တာထက် ပိုရနိုင်ပေမယ့် အရှုံး၊ အနိုင် အဖြေထွက်မလာခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို နှစ်ဘက်သဘောတူညီမူတွေအရ လာမယ့်ဇွန် ၂၀ ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုမှု ပိတ်သိမ်းသွားဖို့ ရှိတယ်လို့ STUM ထံက သိရပါတယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013