DVB Logo
Home
မြန်မာသတင်း
ရှားတောတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကရင်နီရဲဘော် ၃ ဦး တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
DVB
·
May 19, 2023
ရှားတောတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကရင်နီရဲဘော် ၃ ဦး တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
1 / 9
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရှားတောတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည် သူရဲကောင်း ရဲဘော် ၃ ယောက်ရဲ့ ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို တပ်ရင်း တပ်ခွဲ ရဲဘော်တွေက စုပေါင်းပြုလုပ်ပေးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF/ B -14 က ထုတ်ပြန်ပါတယ်။

KNDF B/14 က ရဲဘော်တွေ ဖြစ်ခဲ့တဲ့ ခူးဗျားရယ်၊ ခူးလူရယ်၊ ခူးကြည်မောင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၁၇ ရက်မှာ ရှားတောမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အဆိုပါ ရဲဘော် ၃ ယောက်ကို အာဇာနည်သူရဲကောင်းတွေအဖြစ် သူတို့ရဲ့ မိသားစုတွေနဲ့အတူ အစဥ်အမြဲ ဂုဏ်ပြုမှတ်တမ်းတင်နေမှာဖြစ်ပြီး တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ကျေးရွာပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်) က ကျေးရွာ ၈၉ ခုက နေအိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြပါတယ်။

Photo - KNDF/ B -14

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013