DVB Logo
Home
မြန်မာသတင်း
နိုင်ငံ‌ရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရေး PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေး 
DVB
·
May 18, 2023
နိုင်ငံ‌ရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရေး PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေး 
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့အနေနဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း PPST က ထုတ်ပြန်ပါတယ်။

ဒီလိုနည်းလမ်းတွေ ရှာဖွေရာမှာ အဓိက ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံ‌ရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အမျိုးသားရေးလုပ်ငန်စဉ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ဖြစ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားပြည်သူတရပ်လုံးလိုလားတဲ့ ဒီမိုကရေစီ ဖယ်ဒရယ်အခြေခံမူတွေ အောက်မှာ ခိုင်မာစွာ ရပ်တည်‌ရေးကို ဆွေးနွေးခဲ့ကြောင်းဖော်ပြပါတယ်။

PPST အနေနဲ့ မေလ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ချင်းမိုင်းမှာ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခု မတ်လနှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အန်စီအေ စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်ရေးအဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေး ကော်မီတီတို့ရဲ့ အလွတ်သဘော အစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောထားစုစည်းချက်ကို သုံးသပ်ဆွေးနွေးခဲ့ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် EAOsနဲ့ AHA centre တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လူသားချင်စာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သလို  အရပ်သား ကာကွယ်ရေးနဲ့ လူသားချင်းစာနာ အကူအညီပေးရေးလုပ်ပန်စဉ်နဲ့ပတ်သက်လို့  နည်းလမ်းရှာဖွေ ဆောင်ရွက်သွားဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့က မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံး မှုကြီးမားစွာဖြစ်ပေါ်ခဲ့တဲ့အပေါ် ကြေကွဲဝမ်းနည်းကြောင်းနဲ့ ရခိုင်ပြည်နယ်အပါအဝင် တခြားမုန်တိုင်း ဒဏ်သင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို တတ်စွမ်းနိုင်သလောက် ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ဒီတွေ့ဆုံပွဲမှာ NCA-S-EAOs (၇) ဖွဲ့မှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013