DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူခရိုင်၌ စစ်ဘေးရှောင်လူဦးရေ ၅၀၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေ
DVB
·
May 17, 2023
ကန့်ဘလူခရိုင်၌ စစ်ဘေးရှောင်လူဦးရေ ၅၀၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ  စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ မြေပြင်မှာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် စစ်ဘေးလွတ်ရာထွက်‌ပြေး တိမ်းရှောင်နေကြရတဲ့ ပြည်သူ ၅၀,၀၀၀ ကျော်ရှိလာပြီလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်း တပြိုင်တည်း စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းနေရာ ကန့်ဘလူမြို့နယ်ထဲက ရွာပေါင်း ၁၅ ရွာထက်မနည်း အရပ်သားပြည်သူ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကန့်ဘလူခရိုင်ထဲမှာ စစ်ရှောင်ပြည်သူဦးရေ မြင့်တက်လာတာကြောင့် စစ်ရှောင်တွေအတွက် အဓိကကျတဲ့ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး‌တွေလိုအပ်ချက် မြင့်မားနေပြီး မြွေဆိပ်ဖြေဆေးလို အရေးပေါ်ဆေးကုသရာမှာ သုံးစွဲရတဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ်အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်ကုန်း၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်း၊ အလယ်ခုံကျေးရွာတွေနဲ့ ချပ်သင်းတိုက်နယ်ထဲက ချပ်သင်း၊ ချပ်ကြီး၊ ကံကြီး-ရ၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ တမာကုန်းနဲ့ လှည်းပွဲကျေးရွာတွေ ပင့်သာတိုက်နယ်က ပင့်သာ၊ ချောင်းခြားနဲ့ မကျီးကုန်းကျေးရွာ၊ ဇီးကုန်းတိုက်နယ်က ရေကြည်ဦးကျေးရွာ၊ မလည်တိုက်နယ်က ပဇီကြီးကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူတွေ ရွာထဲ ပြန်မဝင်ရောက်နိုင်ဘဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၆၁ နဲ့ ၃၆၈ တပ်ရင်းစစ်ကြောင်းတွေက ကန့်ဘလူခရိုင်ထဲမှာ ရွာစဉ်လှည့် ကျူးလွန်နေကြပြီး ခမရ–၃၆၈ စစ်ကြောင်းက ချင်မြစ်ကျင်းရွာဘက်မှာ ဒီနေ့ ယာယီတပ်စွဲ စခန်းချနေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

​ကန့်ဘလူမြို့နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၂၄ ရွာထိ ရှိလာပြီး ဒီထက် ပိုများနိုင်တယ်လို့ မြေပြင်မှာ အကူအညီပေးနေသူတွေက ပြောပါတယ်။

ခြေမြန်တပ်ရင်း ခမရ-၃၆၁ က စစ်ကြောင်းထိုးလာရာ ကျီးပင်အက်၊ အင်းလယ်ကြီး၊ သရက်တာ၊ ကိုင်းရိုး၊ လေးလ၊မြိုင်သာယာ၊ ဥာဏ်အင်း၊ ညောင်ပေါင်ရင်း စတဲ့ရွာ ၈ ရွာတွေလည်း အနီးရှိ တောတောင်တွေထဲမှာ စစ်‌ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

ညောင်ဇင်၊ သရက်ခေါင်း၊ ဖလံချိုင်၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ငါးရာရွာနဲ့ ရွာ‌ ပေါင်း ၇ ရွာက ဒေသခံတွေလည်း စစ်တပ်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေတာကြောင့် မေလ ၁၆ ရက်နေ့အထိ ရွာအတွင်း ပြန်မဝင်နိုင်ကြသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013