DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် စစ်ကောင်စီသတင်းပေးများ ထွက်ပြေးတိမ်းရှောင်နေ
DVB
·
May 16, 2023
ပုလောမြို့နယ်တွင် စစ်ကောင်စီသတင်းပေးများ ထွက်ပြေးတိမ်းရှောင်နေ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကြောင့် စစ်ကောင်စီသတင်းပေးတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံထံက သိရပါတယ်။

ပုလောမြို့နယ် ပကဖ က ပြီးခဲ့တဲ့ မေ ၆ ရက်မှာ စစ်ကောင်စီသတင်းပေးတွေလို့ သတ်မှတ်ထံထားရတဲ့  ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ ဘိုင်းပြင်ကျေးရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ လက္ကူးကျေးရွာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ ကျောက်စုကျေးရွာက အမျိုးသား ၁ ဦး၊ စုစုပေါင်း ၁၄ ဦးကို နာမည်နဲ့တကွ ထုတ်ပြန် ကြေညာထားပါတယ်။

ပုလောမြို့နယ် ပကဖ တာဝန်ခံက“ရွာက ပြည်သူတွေက တိုင်ကြားလာလို့ အများသိအောင် တင်လိုက်ရပါတယ်။ တချို့ သတင်းပေး Non CDM သမားတွေက ရှောင်သွားပြီ။ ကျနော်တို့ ထုတ်ပြန်ထားတာက ပထမ သတိပေးတာပါ။ နောက်ထပ်လုပ်လာရင်တော့ အရေးယူမှုတွေ ရှိလာမယ်။ တချို့ကျတော့ တခြားမြို့ ကျေးရွာတွေကို ရှောင်သွားကြတယ်။ တချို့က ငြိမ်သွားတယ်။ ဆက်လုပ်နေတဲ့သူတွေလည်း ရှိတယ်။ ဆက်လုပ်နေတဲ့သူတွေကိုလည်း သေချာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်တယ်။ သေချာမှ အရေးယူတာမျိုးတွေ လုပ်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဒလန်တွေရဲ့အိမ်တွေကို လုံခြုံရေးယူပြီး ကာကွယ်ပေးတာ မတွေ့ရသေးပေမဲ့ တချို့ဒလန်တွေကတော့ တပ်ရင်း ၁၇၊ ပလမြို့ရှိ ရဲစခန်းနဲ့ တပ်ရင်း ၂၈၅ တွေမှာ ညအိပ်ပြီး သွားရောက်ခိုလှုံတာတွေတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုကို ဒုက္ခရောက်အောင်လုပ်တဲ့ စစ်ကောင်စီထောက်တိုင်တွေဖြစ်နေရင် ရပ်တန်းကရပ်ပြီး ပြည်သူတွေဘက်ကို ရပ်ပါ။ ပြည်သူဒုက္ခရောက်အောင်လုပ်တဲ့ မည်သူ့ကိုမဆို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ ပြင်းထန်စွာ အရေးယူသွားမှာပါလို့ ပုလောမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013