DVB Logo
Home
မြန်မာသတင်း
ငပုတော၌ အသတ်ခံရသည့် တောဆင်ရိုင်းတွေ့ 
DVB
·
May 15, 2023
ငပုတော၌ အသတ်ခံရသည့် တောဆင်ရိုင်းတွေ့ 
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ရွာနားက မြစ်တစ်ရာကြိုးဝိုင်းကွင်းအမှတ် ၂၃၁ မှာ မေ ၁၄ ရက်က အသတ်ခံထားရတဲ့ တောဆင်ရိုင်းမ တကောင်ကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ဝါးဖြူချောင်းမှာ အသတ်ခံရတာ။ ညာဘက်လက် အနောက်မှာ ဒဏ်ရာ တွေ့တယ်။  ဆင်မုဆိုးတွေ အရေခွံခွာဖို့ သတ်တာဖြစ်နိုင်တယ်။ သစ်တောဦးစီးဌာန ဝန်ထမ်းတွေ နဲ့ ရဲတွေ စစ်ဆေးနေတယ် "လို့  ပြောပါတယ်။

အသတ်ခံရတဲ့ တောဆင်ရိုင်းမဟာ အသက် ၂၅ နှစ်အရွယ် အရပ်အမြင့် ၆ ပေ ၁၀ လက်မရှိပြီး မေ ၁၂ ရက်လောက်က ဆင်မုဆိုးတွေ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း သစ်တောဦးစီးဌာန ဝန်ထမ်းတွေ က ပြောသွားတယ်လို့လည်း အဲဒီဒေသခံက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်မှာ ၂၀၂၂ ခုနှစ် ဇွန်မှ ၂၀၂၃ ခုနှစ် မတ်လအတွင်း ပုသိမ်မြို့နယ်မှာ ကျန်းမာရေးမကောင်းလို့ သေဆုံးတဲ့ တောဆင်ရိုင်း နှစ်ကောင်နဲ့ အသတ်ခံရတဲ့ တောဆင်ရိုင်း နှစ်ကောင်ရှိကာ ငပုတောမြို့နယ်မှာ  အသတ်ခံရတဲ့ တောဆင်ရိုင်းနှစ်ကောင်နဲ့ သာပေါင်းမြို့နယ် အတွင်း ကျန်းမာရေးမကောင်းလို့ သေဆုံးတဲ့ တောဆင်ရိုင်း ၄ ကောင်နဲ့ အသတ်ခံရတဲ့ တောဆင်ရိုင်း ၅ ကောင်ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာနဝန်ထမ်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013