DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ တောရသီတင်းသုံးနေသည့် ရဟန်းသာမဏေ အပါး ၈၀ ကို ရပ်ကျေးသံဃနာယက ဖယ်ခိုင်း
DVB
·
May 12, 2023
ရခိုင်ပြည်နယ်၌ တောရသီတင်းသုံးနေသည့် ရဟန်းသာမဏေ အပါး ၈၀ ကို ရပ်ကျေးသံဃနာယက ဖယ်ခိုင်း
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆင်ကူးကျေးရွာ၊ ဆပ်သွားချောင်းဖျားမှာ တောရသီတင်းသုံးနေတဲ့ ရဟန်းသာမဏေ အပါး ၈၀ ကို ဂွမြို့နယ် ရပ်ကျေးသံဃနာယကအဖွဲ့က ၇ ရက်အတွင်း ဖယ်ပေးဖို့ အကြောင်းကြားစာ ပို့ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဟာဝိဟာရတောရ မှော်ဘီကနေ ကြွလာပြီး ဂွမြို့နယ်၊ ဆင်ကူးအုပ်စု၊ ဆင်ကူးကျေးရွာအနီး တမိုင်ခန့်မှာ တောရသီတင်းသုံးနေတဲ့ ဆရာတော် ဦးကဝိဒဇနဲ့ ရဟန်းသံဃာ အပါး ၈၀ ကို သစ်တောကြိုးပြင်ကာကွယ်တောနယ်မြေမှာ ရပ်/ကျေး သံဃနာယကအဖွဲ့ရဲ့ သဘောတူ ခွင့်ပြုချက်မရဘဲ သာသနာ့နယ်မြေမဟုတ်တဲ့နေရာ ကျောင်းဆောက်လုပ်ခြင်း၊ သိမ်သမုတ်ခြင်းကိစ္စတွေ ဆောင်ရွက်နေတာကြောင့် ဆရာတော်နဲ့ နောက်လိုက် သံဃာတွေကို မူလသီတင်းသုံးရာနေရာကို ပြန်ကြွဖို့ အကြောင်းကြားစာမှာ ပါရှိတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဂွမြို့နယ် ရပ်ကျေးသံဃနာယက အဖွဲ့အစည်းကို ကျောင်းတိုက် ၁၀ ကျောင်းရဲ့ ဆရာတော်တွေနဲ့ ဖွဲ့စည်းထားပြီး အခုဆရာတော်တွေကို ပြန်ကြွခိုင်းတဲ့ကိစ္စကို ကျောင်းတိုက် ၉ ခုက လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ဟာ မှော်ဘီကနေကြွလာပြီး တောရသီတင်းသုံးနေတာ ၆ လခန့်ရှိပြီဖြစ်ပြီး ဘုရားရှင်ရဲ့ ဝိနည်းတော်နဲ့အညီ တရားထိုင်တာ၊ ရဟန်းတွေသိသင့်တဲ့ စာပေတွေ သင်ကြားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုကျောင်းဆောက်လုပ်တာ ကလည်း မိုးတွင်းအခါ သီတင်းသုံးဖို့ ဝါးကျောင်းသာ ဆောက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဂွမြို့ခံတဦးက “ဝိနည်းနဲ့အညီ သီတင်းသုံးတဲ့ သံဃာတွေမြင်ပြီး ကြည်ညိုသွားရင် သူတို့ လာဘ်လာဘတွေ နည်းသွားမှာ စိုးရိမ်ကြတယ်၊ လုံးဝ မျက်နှာသာမပေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆရာတော်နဲ့ နောက်လိုက်သံဃာတော်တွေဟာ လာဘ်လာဘမယူဘဲ ဘုရားရှင်ရဲ့ ဝိနည်းတော်နဲ့အညီ တောရသီတင်းသုံး တရားအားထုတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013