DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သမဝါယမဦးစီးမှူး၏ကား ဗုံးပစ်ခံရ
DVB
·
May 11, 2023
မန္တလေးတွင် သမဝါယမဦးစီးမှူး၏ကား ဗုံးပစ်ခံရ
Donate to DVB

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း (၂၁×၂၂) လမ်းကြားရှိ အောင်မြေသာစံမြို့နယ် သမဝါယမဦးစီးဌာနရှေ့ရှိ ကားတစီးပေါ်မှာ မေ ၁၀ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မနက် ၁၁ နာရီခွဲလောက်က သမဝါယမရုံးရှေ့ ရပ်ထားတဲ့ အဖြူရောင် ဆူဇူကီး ဟိုက်ဂျက်ကား နောက်ခန်းကို ဆိုင်ကယ်တစီးပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။

မန္တလေးမြို့ခံတဦးက “၈၆ လမ်း သမဝါယမရုံး‌အရှေ့နားမှာ ဖြစ်တာ၊ ဦးစီးမှူးကားပေါ် ပေါက်ကွဲတာလို့ ပြောတယ်။ မြင်ရသလောက်တော့ ဗုံးစံတွေက ကားနောက်ဘီးနဲ့ အကာတော့ ထိထားတယ်။ ၁၁ နာရီခွဲ ကျော်ကျော်ကလေးပဲ၊ လမ်းတော့ ခဏပိတ်ထားကြတယ်” လို့ ပြောပါတယ်။

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ကားညာဘက်ခြမ်း၊ နောက်ဘီးတာယာနဲ့ လေကာမှန် ထိမှန်ပျက်စီးသွားပြီး အဆိုပါကားဟာ သမဝါယမဦးစီးမှူးရဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဆူဇူကီးကားပေါ်ကို အမျိုးသား ၂ ဦးက တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်တာလို့ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးချိန် အောင်မြေသာစံရဲစခန်းက လာရောက်စစ်ဆေးသွားတယ်လို့ သိရပြီး လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013