DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် နေထိုင်သူများ ကိုဗစ်-၁၉ ရောဂါထက် သဘာဝဘေးကို ပိုစိုးရိမ်နေ
DVB
·
May 10, 2023
နေပြည်တော်တွင် နေထိုင်သူများ ကိုဗစ်-၁၉ ရောဂါထက် သဘာဝဘေးကို ပိုစိုးရိမ်နေ
Donate to DVB

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု တဖန်ပြန်လည်မြင့်တက်လာနေပြီး ကူးစက်မှုအခြေအနေကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးနေပေမဲ့ နေပြည်တော်ဒေသခံအများစုက ကိုဗစ်ရောဂါထက်  သဘာဝဘေးကြုံရမှာကို  ပိုမိုစိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း ကနေ ပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပြီး အခုမေလ ပထမ ၁၀ ရက်အတွင်းမှာပင် ကူးစက်ခံရသူဦးရေ ၁၃၀၀ နီးပါးခန့်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မေလ ၄ ရက်နေ့ တစ်ရက်ထဲမှာပင် ကူးစက်ခံရသူ ၂၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ နေပြည်တော်မှာတော့ ကိုဗစ်-၁၉ ရောဂါအတွက်  အကာအကွယ်ကြိုတင်ပြင်မှုတွေ တွေ့မြင်ရခြင်းမရှိပါဘူး။

ပုဗ္ဗသီရိမြို့နယ်နေသူတစ်ဦးက "တစ်နေ့ဘယ်လောက်ကူးစက်နေတယ်ဆိုတာ သတင်းတွေထဲမှာတော့ ပါနေတာပဲ။ ဒီမှာတော့ ဘယ်သူမှ အဲ့လောက်စိတ်မဝင်စားကြတော့ဘူး။ နေပြည်တော်က သိပ်မကူးခံရတာလည်း ပါမှာပေါ့။ အခုလောလောဆယ် ဦးတို့ကတော့ မုန်တိုင်းသတင်းပဲ စိတ်ဝင်စားနေတာ။ ကိုယ့်ဆီမှာ ဒီလောက်မဖြစ်လာနိုင်ပေမယ့် ဖြစ်လာခဲ့ရင် ဆိုပြီး တွေးပူနေကြတာပေါ့ " လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ နေပြည်တော်အဝင်ဂိတ်တချို့မှာ စစ်ဆေးမှုတွေရှိနေပေမယ့် ဒေသအတွင်းမှာတော့ စည်းကမ်းကန့်သတ်မှုတွေ မရှိသေးသလို လူစည်ကားရာ နေရာတွေနဲ့ ဈေးတွေမှာလည်း Mask တပ်သူနည်းပါးနေတာဖြစ်ပါတယ်။

နေပြည်တော်မှာ သဘာဝဘေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်U လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ အိမ်ခြေ ၂၀၀ ကျော်ပျက်ဆီးဆုံးရှုံးခံ့သလို လူအသေအပျောက်လည်း ရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013