DVB Logo
Home
မြန်မာသတင်း
ဒုစရိုက်စီးပွားရေးနှင့် ပတ်သက်သည့် KNU ခေါင်းဆောင်များကို အရေးယူပေးရန် ထပ်မံတောင်းဆို
DVB
·
May 10, 2023
ဒုစရိုက်စီးပွားရေးနှင့် ပတ်သက်သည့် KNU ခေါင်းဆောင်များကို အရေးယူပေးရန် ထပ်မံတောင်းဆို
1 / 2
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်က KNU ခေါင်းဆောင်သစ်တွေအနေနဲ့ ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ခေါင်းဆောင်တွေကို အရေးယူဖြေရှင်းပေးဖို့ မေလ ၈ ရက်နေ့က ကရင်ဘာသာနဲ့ ရေးသားပြီး ထပ်မံတောင်းဆိုထားပါတယ်။

KNU ခေါင်းဆောင်တချို့ ဒုစရိုက် စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတကာကို ဆန့်ကျင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကေအန်ယူ ပါဝင်ပတ်သက်လာစေဖို့ ရန်သူရဲ့ အဖွဲ့အစည်းအပေါ် အကွဲအပြဲ ဖြစ်စေချင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်သလို ကေအန်ယူရဲ့ နိုင်ငံရေးကို သေစေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်။

ဖြစ်စဉ်တွေအပေါ် ကေအန်ယူ ခေါင်းဆောင်သစ်တွေအနေနဲ့ တာဝန်ယူဖြေရှင်းရမှာ ဖြစ်သလို အဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပဒေ ချိုးဖောက်သူတွေကို အရေးယူပြီး ကော်သူးလေ နယ်မြေအတွင်း ဒုစရိုက်စီးပွားရေးလုပ်ငန်း ဖော်ဆောင်နေတာကို ဖျက်ပြီး တရားဥပဒေစိုးမိုးမှုရှိတာကို ပြသသွားရမှာ ဖြစ်တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

ကေအန်ယူ အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “ကျနော်တို့က အရေးယူဖို့ စီစဉ်ထားပြီးပြီ။ အရေးမယူခင်မှာ စုံစမ်းရေးကော်မတီကို လုပ်ရမယ်။ သေသေချာချာ ပြန်ပြီးတော့မှ သူတို့ စွပ်စွဲတဲ့အတိုင်း ဟုတ်၊ မဟုတ် ဆိုတာကို ပြန်လိုက်ရမယ်။ ပထမဆုံး စည်းကမ်းကြီးကြပ်ရေးနဲ့ ကိုင်မယ်။ အမှုကကြီးပြီး တကယ်ဖြစ်မှ တရားရုံး ကိုတင်မယ်”လို့ ပြောပါတယ်။

တရားမဝင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး KNU ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပဒိုစောရောဂျာခင်၊ KNU တပ်မဟာ ၇ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒို၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ သားဖြစ်သူ စောဒို့စိုး၊ KNU တပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးဖြစ်သူ စောတင်စိုး ခေါ် ပဒိုစောအယ်နာဒိုနဲ့ ဗိုလ်မှူးကြီး စောဘချောတို့ကို တပ်မဟာ ၅ က အရေးယူဖို့ တောင်းဆိုထားတာပါ။

၁၇ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်ကို တပ်မဟာ ၅ ဖာပွန်(မူတြော်)ခရိုင်နဲ့ တပ်မဟာ ၂ တောင်ငူ(တောဦး) ခရိုင်က ကိုယ်စားလှယ်တွေ ကွန်ဂရက်ရွေးကောက်ပွဲအတွင်း ဝင်ရောက်ရွေးကောက်ခံတာ၊ မဲပေးတာတွေမပြုလုပ်ခဲ့ဘူးလို့ တာဝန်ရှိသူဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013